စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း အပိုင်း (၁)

စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်။
နေရာက ချင်းပြည်နယ်၊ ပလက်ဝမြို့။

အကြိမ်ရေတိုးလာသည့် လွတ်လပ်ရေးနေ့၏ မနက်ခင်းတွင် ပလက်ဝဈေးသူ၊သားများကလည်း ဆိုင်ခန်း များဖွင့်နေပြီ။ လက်ဖက်ရည်ဆိုင်‌လည်း လူစည်နေပြီ။ ဈေးဝယ်သူများကလည်း လှုပ်လှုပ်ရှားရှား သွားလာ နေကြပြီ။
မနေ့ညကလက်နက်ကြီး ထိမှန်သေဆုံးသွားသည့် ကလေးလေးရှိရာ နှစ်ခြင်းဘုရားကျောင်းဆီကလည်း ဆု တောင်းသံဝေနေပြီ။ လက်တစ်ဖက်ကျိုးနှင့် ဆေးရုံတွင် သတိမရသေးသည့်အမေ့ကို စောင့်ပေးသည့် ကလေးလေး၏ အစ်မဖြစ်သူလည်း ငိုရှိုက်ရင်းရောက်လာခဲ့ပြီ။
အသုဘလာသူများက ယခင်ကဲ့သို့ ကြေကွဲမူတစ်ခုတည်းကို သယ်ဆောင်လာခြင်းမျိုးမဟုတ်။ အမည် ဖော်မရ၊ ဝေခွဲမရနိုင်သည့် ဝမ်းနည်းထိတ်လန့်ခြင်းများနှင့် တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်အသိ အမှတ်ပြု မျက်ရိပ်ပြစကားတိုးတိုးပြောနေခြင်းများက ပုံမှန်မဟုတ်တော့သည့် ပလက်ဝမြို့၏ အပြောင်းအ လဲများစွာထဲက တစ်ခု။

အသုဘထမ်းလာပြီးလမ်းမပေါ်က လူများ၏မျက်လုံးများက အနက်ဖော်မရခြင်းများနှင့် မနေ့ညကဖြစ်ပျက်သွားသည့် အဖြစ် အပျက်ကို‌ ပြန်‌ပြောနေကြသည့်နှုတ်ခမ်းများ။ တစ်ယောက်ကိုတစ်ယောက် အလုအယက်ရှင်းပြနေကြသည့် ဟန်ပန်များ။ ဈေးဝယ်သူများ ခဏအဝယ်ရပ်သွားသည်။
လက်ဖက်ရည်သောက်နေသူများကို စောင့်ငဲ့ကြည့်ကြသည်။ လမ်းသွားလမ်းလာများ ရပ်ကြည့်ကြသည်။ ရဲစခန်းမှ ရဲတပ်သားများလည်း ထွက်ကြည့်ကြသည်။

အသုဘကတော့ သည်လူများနှင့်ဝေးရာ လမ်းချိုးထဲဝင်သွားသည်။ ကျန်ရစ်သူများ၏ နှုတ်ခမ်းဖျားက သည်အကြောင်းနှင့် ဆက်စပ်နေသည့် အကြောက်တရားတစ်ခုခု သူတို့စိတ်ထဲလွမ်းမိုးဝင်ရောက်နေကြောင်း စကားလုံးများအဖြစ်ထွက်ကျလျက်။
ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး၏ ဆုတောင်းသံကြား တစ်ချက်တစ်ချက်ကြားနေရသည့် လက်နက်ငယ် ပစ်ခက်သံနှင့် ဗုံးပေါက်ကွဲသံမှာ အစ်မဖြစ်သူ၏ ရှိုတ်ငိုသံကပျောက်လုလု။ သင်္ချိုင်းအရောက်လာပို့ သူများ၏စိတ်အာရုံက ယောက်ယက်ခတ်နေကြောင်း ကျီးလန့်စာစားမျက်လုံးက သက်သေပင်။ နေမထွက် သေးသည့် ဆောင်းမနက်ခင်းလေညင်းက အအေးပိုစေဖို့ထင်ပါ၏။ တစ်ချက်ဝှေ့ရမ်းသွားသည်။
ကောင်လေးဆုံးသွားသည်ကို သတိမရသေးသည့်သူ့မိဘနှစ်ပါးက မသိကြရှာသေး။ ကောင်လေးအိပ်စက် မည့် နေရာနားကပ်လျက် အသစ်စက်စက်မြေပုံက အရင်နေ့က ကုလားတန်မြစ်ထဲက ပိုင်ရှင်မဲ့အဖြစ် ကောက်ရသည့်သူပင်ဖြစ်သည်။ သည်လိုမျိုး မြစ်ညာဘက်မှာ ရှိသေးသည်ပြောတော့ ကြားရသူတိုင်းလိုလို ကျောချမ်း သွားကြသည်။

ရိက္ခာအထကကျောင်းအုပ်ကြီး၏ သေတမ်းစာဖက်ကြားခြင်းက ပြီးလုလု။ လာရောက်ပို့ဆောင်သူများ၏ လည်ပင်းက တစ်ဖက်စောင်းပြီး သချိုင်းအဝင်ဝ တံတားဘက် အကုန်ရောက်နေကြသည်။
တာပေါ်လင်စဖြင့် အဆင်ပြေသလိုအုပ်လိပ်လျက် ခြေနှစ်ချောင်းပေါ်၊ ခေါင်းတွဲလောင်းကျ‌နေပြီး လူငယ် လေးယောက်သယ်ဆောင်လာသည့် မနေ့ညကအဖြစ်အပျက်ကြောင့် နောက်ထပ်သေဆုံးခဲ့ရသည့်
အသုဘတစ်ခု အိန္ဒိယပရောဂျက်(ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း)၏ ယာဉ်မောင်းတစ်ဦး။ ပရောဂျက်ရပ်သွားသည့် တိုင် အပြန်ခရီးလမ်းပိတ်ထားသည့်အတွက် မပြန်ဖြစ်ဘဲသောင်တင်‌နေကြသည့် အလုပ်သမားအုပ်စုထဲက တစ်ဦး။ နှလုံးတည့်တည့်ထိပြီး ပွဲချင်းပြီးသေဆုံးသည်ဟု သတင်းကြားခဲ့ရသူ
ပင်အသုဘလာချသူ‌နောက်က သူ့လုပ်ဖော်ကိုင်ဖက် ၅၊၆ယောက် ခန့်သာပါသည်။ ငိုရှိုက်ရလောက်အောင် သည် နေရာတွင် သူ့အတွက်ဝမ်းနည်းပေးမည့်သူ မရှိ။ ခေါင်းတလားထဲ သေသေချာချာထည့်‌သယ်လာပေးမည့် သူလည်းမရှိ။ သည်အခြေအနေကို ပြည်မကသူ့မိဘများ မသိမကြားပါစေ နှင့်ဟုသာ ကြိတ်ဆုတောင်းပေးမိ သည်။ သူတို့က မီးသဂြိုဟ်စက်ရှိရာ
ဆီအရှေ့ဘက်နေဝန်းက ဆောင်းအအေးကို တဖြည်းဖြည်းအန်တုပြီးတော့မည့်အချိန် မနက်ကစည်ကားခဲ့သည့် ဈေးတန်းက မဖဲဝါ၏နေရာ(တစပြင်)နှင့် မှားရလောက်အောင်ဖြစ်နေလေပြီ။ နေ့စဉ်နှင့်အမျှ ဟေးဟေး ဟားဟားကြားနေရသည့် လက်ဖက်ရည်ဆိုင်များလည်း ဆိုင်အပြင်ခုံထုတ်မခင်းတော့ပြီ။ ဆောင်းလေပြေ ကြောင့် ဖုံနှင့်အတူ တလွင့်လွင့် လွင့်နေကြသည့် အမှိုက်စများကြား လေလွင့်ခွေးနှစ်ကောင်က သူတို့ အတွက် ရည်ရွယ်သည့်လမ်းဟု ထင်နေလေပြီမသိ။ လမ်းပေါ်တွင် ဘယ်လူမှ ခွေးမထင်သည့် မျက်နှာထားဖြင့် လျှေက်နေကြသည်။ တစ်ခါတစ်ခါကြားရသည့် လက်နက်ကြီးသံက မြို့ကိုပိုသိပ်ဆိတ်စေသည်။ အသံ ကလည်း တစ်မြို့လုံး တုန်ဟီး
နေသည်မဟုတ်လား မြို့၏ စည်ပင်သာယာဈေးတွင်း ဈေးသည်များအဖို့ အခွန်သက်သာရေး တွေးများနေသလားမသိ။ နေ့လည် ထမင်းစားပြန်ပြီးကတည်းက မည်သူမျှ ဆိုင်မဖွင့်ကြတော့။ အခွန်လွတ်ဈေးဟု နာမည်ပေးထားပြီး ဈေး ကောက်က ပိုက်ဆံလာလာတောင်းသည့်ဈေးက ဈေးသည်များကဖြင့် မနက်က တောထဲ၊ ယာထဲကရှာထား သည့် ဟင်းသီးဟင်းရွက်များကို အခုမှရောင်းရမည်မို့ အဘဘုရားသခင်ဖန်းဆင်းစဉ်က မပါခဲ့သည့် ကောင်း ကင်ငှက်ကြီးတစ်မျိုး၏ရန်ကို ကြောက်ကြောက်နှင့် မော့မော့ကြည့်ပြီး ရောင်းနေကြလေရဲ့။
မဒမ်လိန်းတစ်ယောက် မြို့နယ်ဆရာဝန်ခွင့်ပြုချက်ဖြင့် ခွင့်ရသည်ကို ဘာမဆိုင်ညာမဆိုင် အောင်လိန်းလည်း အားကျပြီး ခွင့်တင်ချင်နေ၏။ ဌာနတစ်ခုလုံးနီးပါး ခွင့်တင်‌ကြသော်လည်း မဒမ်လိန်းတို့ တစ်သိုက်သာ ခွင့်ရ သည်ဆို၏။ သည်လိုမျိုး အောင်လိန်းတို့ကို လာလုပ်၍မရ။ သူခွင့်တင်ပြီး အောင်လိန်းနားကပ်နေရင် ညနေ စောင်းအောင်လိန်းတို့တသိုက်လူစုခွင့်ကို ဗွီတိုအာဏာနဲ့ပယ်ချလိမ့်မည်။ အောင်လိန်း တပ်အပ်သိသည်။
သို့နှင့် မဒမ်လိန်းကို မဲဆွယ်ကာလ လေသံမျိုးနှင့် အများအကျိုးရှေ့ရူ ကိုယ်ကျိုးနောက်မှာထား။ စိုင်းထီးဆိုင် ၏ “ခွဲစိတ်ခန်းက ဆရာမသို့”ကို ပမာပြု။ မာတာထရီဇာကိုစံထား။ တာဝန်သိစိတ်ထက် ဝတ္တရားကျေ ပွန်ခြင်း ကမှ ဘာဘာညာညာ စာချိုးရသည်။ ဘာပြောကောင်းမည်နည်း။ ခွင့်ရသည့် မဒမ်လိန်းခင်ဗျာ ခုထိ အိမ်ပြန် မရောက်သေး။

လူက ၅ယောက်ဆန်ဘယ်နှစ်ဘူးထည့်ချက်ရမှာပါလိမ့်။ ဆန်ကဘယ်နားထားပါလိမ့်။ ဘယ်အိုးနှင့် ထမင်း ချက်တာပါလိမ့်။ ဟေ… မနက်ကအိုး ခုထိမဆေးရသေးတာ ဘာလို့ဘာလိမ့်။
ဘာဟင်းချက်ရမှာပါလိမ့်။ မီးကလည်းခုထိ မတောက်သေးဘူး။ ဘေဘီလိန်းကတစ်မျိုး ရေမချိုးပေး ရသေး။ ဟော… စိမ်ထားသည့်အဝတ် ခုထိရှိတုန်းပါလား။ မဖြစ်သေးပါဘူးလေ နက်ဖြန်တော့ မာတာ ထရီဇာ ဆိုတာ သူတော်စင်ဖြစ်ကြောင်းရှင်းပြပြီး မဒမ်လိန်းက ယွကျားရှိကြောင်း သတိပေးရအုံးမည်။

( အပိုင်း ၂ ဆက်လက်ဖော်ပြမည်)

(အပိုင်း ၂ မျှော်)

Leave a Reply

Your email address will not be published. Required fields are marked *