GKO ရဲ့ထုတ်ပြန်ချက် နဲ့နောက်ခံသမိုင်း
Global Khumi Organization (GKO) ဟာ နိုင်ငံတကာရောက်တဲ့ ခူမီးချင်းတွေစုဖွဲ့ထားတဲ့ နိုင်ငံတကာ ခူမီးချင်း အဖွဲ့အစည်းဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းဟာ ပလက်ဝမြိုနယ်အတွင်းက လူသားချင်းစာနာ ထောက်ထားမှုနဲ့ ပတ်သက်တဲ့ အကူအညီတွေတော်တော်များများကို ပံ့ပိုးခဲ့တာပါ။ တနည်းအားဖြင့် GKO ဟာ CNF အတွက် လော်ဘီလုပ်နေတဲ့အဖွဲ့အစည်းမဟုတ်သလို အေအေမုန်းတီးရေးအတွက် လုပ်ဆောင်နေတဲ့ လော်ဘီအဖွဲ့အစည်း လည်း မဟုတ်ပါဘူး။ ဒေသတွင်းဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း Community Organization ပါ။
GKO ရဲ့ထုတ်ပြန်ချက်မှာ အေအေရဲ့ ပလက်ဝဒေသအတွင်း လူ့အခွင့်အရေးနဲ့ချိုးဖောက်တဲ့ အကြောင်းအရာ တွေနဲ့ စစ်သားစုဆောင်းတဲ့ ကိစ္စတွေကို အဓိကဖော်ပြထားပါတယ်။ နောက်တစ်ချက်က ချင်းပြည် သူလူထုနဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အေအေနဲ့ပူးပေါင်းတာတွေကို ပြန်လည်သုံးသပ်ပြီး ပူးပေါင်းတာတွေ မလုပ်ဖို့တောင်း ဆိုထားတာပါ။
GKO ထုတ်ပြန်တာဟာ နောက်တောင်ကျနေပြီ
GKO ထုတ်ပြန်တာဟာ အရမ်းနောက်ကျနေပြီလို့ပြောရမှာပါ။ ဘာလို့လဲ့ဆိုရင် အေအေအနေနဲ့ ပလက်ဝမြို့နယ် မှာ အခြေချပြီး လူ့အခွင့်အရေးချိုးဖောက်နေတာဟာ ခုကတည်းကမဟုတ်ပါဘူး။ အာဏာမသိမ်းခင်ကာလ ၂၀၁၅ ဝန်းကျင်ကတည်းက ပလက်ဝမြို့နယ်အနောက်ဖက်ခြမ်းဒေသဖြစ်တဲ့ ပီချောင်းက ပြည်သူတွေကို အဖိုး အခမပေးဘဲ အေအေရဲ့ ရိက္ခာအတွက် တစ်ရွာလုံးစုပေါင်းပြီးတောင်ယာလုပ်ခိုင်းတာ၊ ဒေသခံ ချင်းလူမျိုးတွေကို စစ်သားစုဆောင်းပြီး တပ်သားလုပ်ခိုင်းတာ၊ ရခိုင့်တော်တပ်ရဲ့ အယူဝါဒတွေ သွပ်တွင်းတာ… စတာတွေ အများကြီးလုပ်ခဲ့ပြီးဖြစ်တယ်။
ဒါ့အပြင် အာဏာမသိမ်းခင်ကာလ ၂၀၂၀ ခုနှစ်၊ ဇွန်လကနေ အောက်တိုဘာလအတွင်းမှာ ပလက်ဝမြို့နယ်ရဲ့ အရှေ့ဘက်ဒေသဖြစ်တဲ့ တပ်ချောင်းကျေးရွာ၊ အီးဝ၊ တဲချောင်း၊ လန်ဒန်၊ ဖောင်ပိုက်ကုန်းကျေးရွာ…စတဲ့ ရွာတွေ မှာ ဒေသခံပြည်သူတွေက တားမြစ်ထားတဲ့ သစ်တောကြိုးဝန်းတွေကို ပြည်သူတွေရဲ့ခွင့်ပြုချက်မပါပဲ ရခိုင့် တပ်တော်ရဲ့ ဘဏ္ဍာငွေအတွက်ဆိုပြီး ခုတ်ထုတ်ခဲ့တယ်။ ဒါတွေကို ပြည်သူတွေ မခံမရပ်ဖြစ်ခဲ့ပေမဲ့ တိုင်ကြား မယ့်နေရာမရှိဘူး။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရဘူး။ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပလက်ဝမြို့နယ် တပ်ချောင်းအုပ်စု၊ လန်ဒန်အုပ်စု၊ ပင်ကုန်းအုပ်စု စတဲ့ကျေးရွာတွေက တစ်ရွာ ၃ ဦးနှုန်းနဲ့ စစ်သင် တန်းတက်ဖို့ လူငယ်တွေစုဆောင်းခဲ့ပြီး ၄၅ ရက်သင်တန်းတက်ခိုင်းခဲ့တယ်။ ဒါကိုဖော်ထုတ်ဖို့ မီဒီယာမရှိခဲ့ဘူး။ ဒါ့အပြင် ပလက်ဝမြို့နဲ့ ဆမီးမြို့တွေကိုသိမ်းပြီးနောက် စစ်သားစုဆောင်းရေးတွေထပ်လုပ်တယ်။ ဒါကို လူငယ် တွေကြောက်လို့ ပလက်ဝ CDF ထိန်းချုပ်နယ်မြေဘက်ကို ထွက်ပြေးခိုလုံကြတယ်။ ထွက်ပြေးတဲ့သူတွေ များလာတော့ ဆမီးကပြည်သူတွေကို စည်းရုံးပြီး စစ်သားစုဆောင်းတာ ထပ်မလုပ်တော့ဘူးဆိုပြီး ပြည်သူတွေကို ပြန်တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ ဘာထပ်လုပ်လာကြပြန်လဲဆိုရင် စာသင်ကျောင်းတွေမှာ ရခိုင်စာသင်ဖို့ စီစဉ် ကြပြန်တယ်။ ပြည်သူတွေက အေအေရဲ့ ပညာရေးနဲ့မသွားဘဲ ကိုယ်ထူကိုယ်ထသွားဖို့ စီစဉ်ခဲ့ကြပေမဲ့ အဲ့ဒီ ကျောင်းတွေမှာစာသင်တဲ့ ဆရာ/မတွေဟာ အေအေရဲ့ ပညာရေးဝန်ထမ်းဖြစ်ကြောင်း လက်မှတ်ထိုးရမယ်လို့ ဝါဒတွေဖြန့်တော့ ပြည်သူတွေက ကျောင်းဖွင့်ဖို့လည်း မလုပ်ရဲ့ကြတော့တဲ့ အဆင့်ထိဖြစ်ခဲ့ကြတယ်။
နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပလက်ဝ CDF ထောက်ပို့တပ်သားတွေကို ဘာလို့အေအေ ဖမ်းတာလဲ။??
၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှာ အေအေက ဖမ်းဆီးသွားတဲ့ ဘောင်းကူးရွာနဲ့ ဘောင်းဝီးရွာက ဒေသခံ ချင်းပြည်သူ ၉ ဦးဟာဆိုရင် ပလက်ဝ CDF အတွက် ထောက်ပို့လုပ်နေတဲ့ ပြည်သူတွေဖြစ်ပါတယ်။ အမှန် တကယ်မှာ ပလက်ဝ CDF ဆိုတာ နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ပလက်ဝမြို့နယ်၊ ဆမီးဒေသအတွင်းမှာ စည်းရုံးရေးဆင်းနေတဲ့ ပလက်ဝ CDF ရဲ့ဘော် ၃ ဦးကိုဖမ်းဆီးခဲ့တာတွေလည်းရှိခဲ့တယ်။ ပလက်ဝမြို့နယ်အတွင်း က စစ်ကောင်စီကိုတိုက်ထုတ်ဖို့ ပြည်သူ့စည်းရုံးရေးလုပ်နေတဲ့ ရဲ့ဘော်သုံးကိုဖမ်းဆီးတာဟာ ပလက်ဝ CDF ကိုအားမကောင်းစေလိုတဲ့ ရည်ရွယ်ချက်များစွာရှိခဲ့တယ်။ ဒါ့အပြင်ပလက်ဝမြို့နယ်အတွင်း ပလက်ဝ CDF အနေနဲ့ လုပ်ရှားလို့မရအောင်၊ စည်းရုံးရေးဆင်းလို့မရအောင်နည်းမျိုးစုံနဲ့လုပ်ဆောင်ခဲ့တာတွေရှိခဲ့တယ်။ ဒီလို လုပ်တာဟာ တစ်ဖက်မှာ ပလက်ဝ CDF အားမကောင်းစေတဲ့အကြောင်းအရာတွေဖြစ်ခဲ့ပါတယ်။
ချင်းညီနောင်အဖွဲ့ရဲ့ထုတ်ပြန်ချက်အပေါ် သဘောထားသုံးသပ်ချက်
စာရေးသူအနေနဲ့ ချင်းအမျိုးသားစည်းလုံးရေးကိုရှေ့ရှုခဲ့သူပါ။ တော်လှန်ရေးကာလအတွင်း ချင်းအမျိုးသားတွေ အကြားသဘောထားကွဲလွဲမှုတွေရှိခဲ့ပေမဲ့ ဘက်မလိုက်ဘဲ နှစ်ဘက်မျှအောင် စာရေးသားတာတွေ၊ သုံးသပ်တာ တွေ လုပ်ဆောင်ခဲ့တာပါ။ ပလက်ဝရဲ့ အကျိုးအမြတ်အတွက် အချင်းချင်း ကပ်ဖားလုပ်ခဲ့တာမဟုတ်သလို စည်းလုံးရေးအတွက်သာရှေ့ရှုခဲ့တာပါ။ ဒါပေမဲ့ ချင်းညီနောင်အဖွဲ့ရဲ့ ဇွန်လ ၈ ရက်နေ့ ထုတ်ပြန်တာဟာ ပလက်ဝပြည်သူတွေရဲ့ ကြုံတွေ့နေတဲ့ဖြစ်ရပ်တွေကို လုံးဝဥပက္ခာပြုရာရောက်ပါတယ်။ တော်လှန်ရေးကို ရှေ့ရှုတဲ့အနေနဲ့ မဟာမိတ်ဖွဲ့တာတွေကို လက်ခံလို့ရပေမဲ့ ပလက်ဝပြည်သူတွေကြုံတွေ့နေရတဲ့ အခက်ခဲတွေကို ဝန်းဝိုင်းဖြေရှင်းဖို့ တောင်းဆိုခဲ့တာပါ။ ဒါကို လက်တစ်ဆုပ်စာအဖွဲ့အစည်းဆိုတဲ့ အသုံးအနှုန်းနဲ့ ဝါဒဖြန့်ခြင်းဆိုတဲ့ အမြင်နဲ့ ပလက်ဝဒေသခံပြည်သူတွေရဲ့ ကြုံတွေ့နေရတဲ့အခက်ခဲတွေကို မျက်ကွယ်ပြုလိုက်တာဟာ မှတ်သား လောက်တဲ့အထိဖြစ်ခဲ့ပါတယ်။ ပလက်ဝပြည်သူတွေအနေနဲ့ယုံကြည်တာက အမျိုးသားအတွင်းပြဿနာဟာ အမျိုးသားအတွင်းမှာပဲဖြေရှင်းပြီး အမျိုးသားလုံခြုံရေးကိစ္စကို တစ်မျိုးသားလုံးက ကူညီဖြေရှင်းလိမ့်မယ် ဆိုတဲ့ခံယူချက်ရှိခဲ့တာပါ။ ပလက်ဝပြည်သူတွေကိုမေးပါ။ အေအေတပ်က စစ်သားစုဆောင်းတာရှိလား၊ လူ့အခွင့်အရေးချိုးဖောက် မှုတွေတကယ်ရှိလားမေးကြည့်ပါ။ အမေးခံရသူတိုင်းက Yes လို့ပဲဖြေလိမ့်မယ်။
နိဂုံးချုပ်
ပလက်ဝဟာ အနာဂတ်မမဲ့ဘူး။ ပလက်ဝပြည်သူတွေကိုအားပေးချင်တာက အကောင်းဆုံးကြိုးစားကြပါ။ သူများအားကိုအားကိုးတဲ့ စိတ်နဲ့မရှင်သန်ကြပါနဲ့။ လူပီသားအောင်ပြပါ။ နိုင်ငံရေးဆိုတာ အမြဲနိမ့်ကျနေတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ကြီးမားတဲ့ အိပ်မက်တွေရှိပါတယ် ဆိုတာပါပဲ။
#Salai Pan