ချင်းတွေကိုယ်တိုင် မျက်ကွယ်ပြုတဲ့ ပလက်ဝ
ဆလိုင်းကျုံးလျန်ဟူး
မှားယွင်းတဲ့ သတင်းစကား
နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး…ဆိုတာ တကယ်မှန်တယ်။
ကျွန်တော် ပလက်ဝမှာ ကြီးပြင်းခဲ့ပါတယ်။ ပလက်ဝဆိုတာ ဘာလဲ… ကျွန်တော်သိပါတယ်။
တစ်ခါက ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း အလုပ်ရုံဆွေးနွေးပွဲလုပ်တော့ စစ်တွေကလာတဲ့ ရခိုင်အရပ်ဖက် အဖွဲ့အစည်းဝင်တစ်ဦးက မေးပါတယ်။
“ပလက်ဝမှာ ချင်းတွေက ရခိုင်တွေကို တအားနှိမ်တယ်ဆို…”တဲ့။
“ဘယ်လိုနှိမ်တာလဲ…” မေးတော့ “အစိုးရဝန်ထမ်းတွေမှာတဲ့ ရခိုင်တွေကို မခန့်ပဲ ချင်းတွေက မောင်ပိုင်စီးတား တယ်…”တဲ့။
ဒီစကားက ပလက်ဝနယ်ခံ ရခိုင်သားတွေရဲ့ စကားပဲဖြစ်မယ်ဆိုတာ ကျွန်တော်တပ်အပ်သိပါတယ်။ အဲဒါကြောင့် သူ့ကို “ခင်ဗျားကို ဘယ်သူပြောတာလဲ…”လို့ မေးခဲ့တယ်။ ပြီးတော့…
“ပလက်ဝမှာ ချင်းလူဦးရေ ၈၂ရာခိုင်နှုန်းရှိပြီးတော့ ရခိုင် ၁၈ရာခိုင်နှုန်းရှိတယ်။ အစိုးရဝန်ထမ်းဦးရေအချိုးကို ခင် ဗျားကိုယ်တိုင် လေ့လာဖို့သင့်တယ်…” လို့ ပြောခဲ့တယ်။
လွဲမှားတဲ့ သမိုင်းအသိ
တက္ကသိုလ်တက်တုန်းက ကျောက်ဖြူက ရခိုင်သူငယ်ချင်းဆီ အလည်သွားဖူးတယ်။ ကျောက်ဖြူရောက်၊ သူငယ် ချင်းအိမ်မှာတည်းတော့ သူငယ်ချင်းအဖေက ” အော်…ပလက်ဝကဆိုတော့ အမျိုးတွေပဲ၊ ပလက်ဝက ရခိုင်ပြည်ပဲ …” လို့ပြောတော့ ကျွန်တော့်အဖေက ဝန်းထမ်းမို့လို့ ပလက်ဝမှာတာဝန်ကျရင်း နေဖြစ်တာပါ၊ တကယ်တော့ ချင်း ပြည်မြောက်ပိုင်းဘက်က ဖြစ်ပါတယ်…” လို့ပြောတော့ သူက မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေပါတယ်။ ကျွန်တော် ဘာကို ဆိုလိုတယ်ဆိုတာ သူသိပုံမရ။ ချင်းတွေရဲ့ မျိုးနွယ်စုကွဲတွေဘယ်လောက်ရှိတယ်၊ စကားကွဲတွေဘယ်လို ရှိတယ်ဆိုတာ သိပုံမရ။ ပလက်ဝဆိုတာနဲ့ ရခိုင်ဘုရင့်နိုင်ငံ၊ ဒေသခံတွေလည်း ရခိုင်သားအလိုလိုဖြစ်စေသတည်း လို့ပဲ နားလည်ပုံရတယ်။
အဲလိုလွဲမှား သမိုင်းဆိုင်ရာအသိတွေကြောင့် အချို့ပဋိပက္ခတွေ မဖြစ်သင့်ပဲ ဖြစ်ရတယ်။
လွဲမှားတဲ့ အုပ်ချုပ်ရေးစနစ်
ကျွန်တော် ၁၉၈၆ ခုကနေ ၁၉၉၇ ခုနှစ်အထိ ပလက်ဝမှာ နေခဲ့ဖူးတယ်။ အဲဒီတုန်းက လူငယ်ပီပီပေါ့ပေါ့ပါးပါးပဲ နေခဲ့တော့ ဘာရယ်မသိခဲ့အမှန်။ ဒါပေမယ့် ခုနေပြန်တွေးလိုက်တော့ လွဲမှားတဲ့အုပ်ချုပ်ရေးကို မြင်လာမိတယ်။ ပလက်ဝက ချင်းပြည်နယ်ဆိုတာ ၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေကတည်းက ပါဝင်လာခဲ့ပေမယ့် လမ်းပန်းဆက် သွယ်ရေးအခတ်အခဲကို အကြောင်းပြပြီး အချို့အုပ်ချုပ်ရေးဌာနတွေကို ရခိုင်ပြည်နယ်ဘက်ကပဲ တွဲကိုင်ခဲ့တယ် ပေါ့။ ဒါကိုလည်း ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ ချင်းပြည်နယ် အစိုးရ အဆက်ဆက်က လွယ်လင့်တကူ လက်ခံ ခဲ့ပုံရတယ်။ သိသလောက်ပြောရရင် လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ အဖျော်ယမကာကိစ္စ၊ ပို့ဆောင်ဆက်သွယ်ရေး ကိစ္စ၊ လူထုဖျော်ဖြေရေးလုပ်ငန်း…စတာတွေပေါ့။
ရှင်းအောင်ထပ်ပြောရရင် ပလက်ဝမှာ ပြသမယ့် ဗွီဒီယိုဇာတ်ကား၊ ဗွီဒီယိုရုံလိုင်စင်ကို ချင်းပြည်နယ်ကမကိုင်ပဲ ရ ခိုင်ပြည်နယ်က ကိုင်တွယ်တယ်ဆိုတာပါပဲ။ အဲဒီကနေစလာလိုက်တာ ၁၉၉၆ ခုနှစ် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင် ပွဲလုပ်တော့ ပလက်ဝက ချင်းပြည်နယ်လာရမှာဝေးလို့ဆိုပြီး ရခိုင်ပြည်နယ်ထဲ ဝင်ကန်ရတယ်။ မယုံမရှိနဲ့ ကျွန် တော်ကိုယ်တိုင် ဘောလုံးသမားအဖြစ် ဝင်ကန်ဖြစ်ခဲ့တာပါ။
ကာလပေါ်အလွဲ
ကျွန်တော်ကတော့ နိုင်ငံရေးသမားမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးဟာ ကျွန်တော်နဲ့လည်း သက်ဆိုင်တယ်လို့ ရိုးရိုးသားသားခံယူပါတယ်။
တလောက Global Khumi Organization က AA တွေရဲ့ ပလက်ဝနယ်ထဲ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပက် သတ်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်တာတွေ့ရတယ်။ ကျွန်တော်က အချိန်ကောင်းဟုတ်ရဲ့လားလို့ တွေးမိ ပြီး သက်ရောက်မှုကြီးလိမ့်မယ်လို့ တွေးမိပါသေးတယ်။ မကြာပါဘူး။ Chin Brotherhood က ကြေညာချက် တစ်ေစာင္ ချက်ချင်းထုတ်ပြန်လာတာတွေ့ရတယ်။
အမှန်က GKO ဆိုတာ ပလက်ဝဒေသခံ ခူမီးချင်းတွေကို တစ်စုံတရာကိုယ်စားပြုတဲ့ အဖွဲ့အစည်းဆိုတာ ကျွန် တော်သိတာကြာလှပြီ။ ဒါကို Chin Brotherhood က မသိတာတော်တော်အံ့ဩတယ်။ တကယ်မသိတာလား၊ တ မင်မှေးမှိန်အောင်လုပ်နေတာလားဆိုတာ သူတို့ကိုယ်တိုင် သိပါလိမ့်မယ်။
ခုနေချိန် တော်လှန်ရေး နတ်ဘုရားလိုဖြစ်နေတဲ့ AA၊ သူတို့ကိုယ်တိုင် AAရဲ့ အကူအညီအချို့နဲ့ ရပ်တည်တာ၊ ပြီး တော့ ချင်းအမျိုးသားတပ်ဦးရဲ့ ဦးဆောင်မှုကို တန်ပြန်တာတွေရှိနေတဲ့အခိုက်မှာ ဒီလိုမျိုးတွေ ရှိလာနိုင်တယ်လို့ တွေးထားပေမယ့် အဲသလောက်အထိဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။
သေချာတယ်။ ဒီအတိုင်းဆို ပလက်ဝဟာ ချင်းတွေကိုယ်တိုင် မျက်ကွယ်ပြုတဲ့ နယ်မြေပါပဲ။
ဖေ့စ်စဘွတ်စကား
ဒီကြားထဲ ဖေ့စ်စဘွတ်ပေါ်မှာပြောတဲ့ ချင်းတစ်ယောက်ရဲ့စကားကို ထိထိမိမိ သတိရနေမိတယ်။
“မင်းတို့ဟာက ဘာနဲ့တူသလဲဆိုတော့
အမြှောင်မယားငယ်က
ငါ့လင်ကိုမထိနဲ့လို့
မယားကြီးမျက်နှာမှ မထောက်
ထယွပြနေသလိုဖဲ
ငါမြင်တာပြောတာနော်
သိတဲ့လူဘဲသိမယ်…”
သတ်ပုံက အဲဒီဆရာရေးတဲ့ အတိုင်းပါပဲ။ သူ့ကိုလဲ ခရက်ဒစ်ပေးပါတယ်။
ဆလိုင်းကျုံးလျန်ဟူး
Copyright © 2025 Khumi Media Group -ခူမီးမီဒီယာ | Powered by Khumi Media Group -ခူမီးမီဒီယာ