ပလက်ဝမြို့နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများ အခတ်တွေ့

ပလက်ဝမြို့နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများ အခတ်တွေ့

ပလက်ဝမြို့နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများ အခတ်တွေ့
ပလက်ဝမြို့နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများ အခတ်တွေ့

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ တက္ကသိုလ်ဝင်တန်း ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရေး အခတ်တွေ့နေကြောင်း သိရှိရသည်။
ယခင်နှစ်များတွင် ပလက်ဝမြိ့နယ်တွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲပေါင်း ၄၂ ကျောင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများအနေဖြင့် စာစစ်ဌာန ၃ ခု(ပလက်ဝစာစစ်ဌာန-၁၊ ပလက်ဝစာစစ်ဌာန-၂ နှင့် ဆမီးစာစစ်ဌာန)တွင် နှစ်စဉ်ဖြေဆိုရခြင်းဖြစ်သည်။ ယခုနှစ်တွင် စစ်ရေးပဋိပက္ခ ကြောင့် အစိုးရဌာနဆိုင်ရာယန္တရားများ ရပ်ဆိုင်းရသည့်နည်းတူ စာစစ်ဌာနများလည်း ဖွင့်လှစ်နိုင်မည်မဟုတ် သည့်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများ အခတ်တွေ့နေရခြင်း ဖြစ်သည်။

ပလက်ဝမြို့မှ ထွက်ခွာလာရသည့် ပညာရေးဝန်ထမ်းတစ်ဦးက “ပလက်ဝက ကျောင်းသူ/သားတွေအတွက် စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်လှစ်ပေးမယ်ဆိုတဲ့ သတင်းတော့ကြားတယ်၊ နောက်တစ်ချက်က ရန်ကုန်ဘက်တို့ နေ ပြည်တော်ဘက်တို့ ရောက်နေရင်လည်း ရောက်တဲ့နေရာမှာ ဝင်ရောက်ဖြေဆိုနိုင်ဖို့ ချင်းပြည်နယ်အစိုးရတာဝန်ရှိ သူတွေက ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ကြားရပါတယ်၊ အဲလိုဆို အဆင်ပြေတာပေါ့။ ဒါပေမယ့် စစ်တွေ စာစစ်ဌာနကို သွားရောက်ဖြေဆိုဖို့ဆိုရင် သွားလာရေး အခတ်တွေ့နိုင်တယ်… “ဟု ပြောသည်။

ယခင်နှစ် (၂၀၂၃ ခုနှစ်) တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စနစ်ဟောင်းဖြင့် ဖြေဆိုရသည့်နောက်ဆုံးစာမေးပွဲဖြစ်ပြီး ပလက်ဝစာစစ်ဌာန ၃ ခုမှ ကျောင်းသူ/သား ၁၀၀၀ ကျော်အောင်မြင်ခဲ့ပြီး ယခုနှစ်တွင် ကျောင်းတွင်း/ ကျောင်း ပြင်ပဖြေဆိုမည့်သူ ၅၀၀ ဦးခန့် ရှိနိုင်ကြောင်းနှင့် စနစ်သစ်သင်ရိုးဖြစ်သည့်အပြင် စာသင်ကြားချိန်နည်းပါး သည့်အတွက်လည်း ကျောင်းသူ/သားများအတွက် အခတ်တွေ့နိုင်ကြောင်း အထက်တန်းကျောင်းအုပ်ဆရာကြီး တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *