အိန္ဒိယရောက် ချင်းစစ်ဘေရှောင်များ အကူအညီမလုံလောက်

အိန္ဒိယရောက် ချင်းစစ်ဘေးရှောင်များ အကူအညီမလုံလောက်

အိန္ဒိယရောက် ချင်းစစ်ဘေရှောင်များ အကူအညီမလုံလောက်
အိန္ဒိယရောက် ချင်းစစ်ဘေရှောင်များ အကူအညီမလုံလောက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ထွက်ပြေးတိန်းရှောင်လာရသည့် စစ်ပြေးရှောင်များ လူသားစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။
ယခင်နှစ်များကတည်းက ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ အိန္ဒိယနိုင်ငံ၊ မီဇိုမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်နှင့် လောင်တလိုင်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုစဉ်က မီဇိုးလူငယ်အဖွဲ့အစည်း၏ ကူ ညီထောက်ပံ့မှုနှင့် အခြေားလူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများဖြင့် လည်ပတ်နိုင်သော်လည်း ယခုနှစ် ၂၀၂၄ ခု နှစ် အစောပိုင်းကဖြစ်ပွားသည့် စစ်ရေးပဋိပက္ခများကြောင့် စစ်ရှောင်ဦးရေ ပိုမိုများပြားလာသည့်အတွက် လူသား ချင်းစာနာထောက်ထားမှုအကူအညီများစွာလိုအပ်နေကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ရှောင်ဦးရေမည်မျှရှိသည်ကို ယနေ့တိုင် စာရင်းပြုစုနိုင်ခြင်းမရှိသည့်အတွက် ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများအနေဖြင့်လည်း အခတ်တွေ့နေရကြောင်း ယခင် စစ်ရှောင်ကူညီရေး ဆောင်ရွက်ခဲ့ဖူးသည့် လူငယ်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
စစ်ရှောင်ထဲမှ ကျောင်းဆရာအငြိမ်းစားတစ်ဦးက
“အိန္ဒိယရယ်လို့ မဟုတ်ဘူး၊ ပလက်ဝနယ် ကုလားတန်မြစ်တကျောမှာလည်း စစ်ရှောင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့က ဆွေမျိုးသားချင်းအိမ်တွေမှာ နေရတာဆိုတော့ အဲလောက်မခတ်ခဲဘူးပေါ့။ ဒီဘက် အိန္ဒိယ ဘက် ရောက်လာသူတွေဆို နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေး အတော်အခတ်ကြုံရတယ်။ ကြုံရာကျဘမ်း လုပ်ဖို့ လည်း ကိုယ့်နိုင်ငံမဟုတ်တော့ မလွယ်ဘူးလေ…” ဟု ခူမီးမီဒီယာသို့ ပြောသည်။

၂၀၂၄ နှစ်ဦးပိုင်းက ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကြောင့် ပလက်ဝမြို့ခံများမှာ ယနေ့အချိန်ထိ မြို့ပေါ် ပြန်လည် အခြေချခွင့် မရသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *