ပလက်ဝစစ်ဘေးရှောင်များ နေရပ်ပြန်ရန် ဖိအားပေးခံရ (စက် ၂၉၊ ၂၀၂၄)

မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်၊ ခိန်ခုံနှင့် လုံပူးကျေးရွာရှိ ပလက်ဝဒေသခံ စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ ခန့်မှာ နေရပ်ပြန်ရန် ဖိအားပေးခံရကြောင်း သိရသည်။
၂၀၂၄ နှစ်ဦးပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပလက်ဝဒေသအတွင်း စစ်ပွဲများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာခဲ့ကြခြင်းဖြစ်ပြီး ယခုဆိုလျှင် နှစ်ဝက်ကျော်လာပြီဖြစ်သော်လည်း နေရပ်ပြန်လာရေးမှာ မရေမရာဖြစ်နေဆဲဖြစ်ကြောင်း မီဇိုရမ်အခြေစိုက် စစ်ဘေးရှောင်အကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရ သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ပြီးခဲ့သည့် ဧပြီလနောက်ပိုင်းတွင် ULA/AA က ထိန်းချုပ်ခဲ့ပြီး ဒေသတွင်းအုပ် ချုပ်ရေးကို ဖော်ဆောင်နေကြောင်းသိရပြီး ထိုအချက်ကပင် ဒေသခံစစ်ဘေးရှောင်များ နေရပ်ပြန်လာရေး အခက်ကြုံနေရခြင်းဖြစ်ကြောင်းသိရှိရသည်။
“သူတို့က ကိုယ့်ရပ်ရွာကို ပြန်လာချင်တယ်၊ ခက်တာက အေအေတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေရမယ်ဆိုတဲ့အခါ ချီတုံချတုံ ဖြစ်နေတဲ့သဘောပေါ့၊ နောက်ပြီး အခုရက်ပိုင်းမှာ အေအေတွေက အချို့ရွာသားတွေကို အကြောင်းအ မျိုးမျိုးပြပြီး ဖမ်းဆီးတာတွေရှိနေတော့ ပိုဆိုးသွားတာပေါ့…” ဟု စစ်ဘေးရှောင်အကူညီပေးရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
သူက ဆက်ပြီး “အခုဟာက ဒေသခံရွာသားတွေက လာပြောတာ၊ ခင်ဗျားတို့နယ်မြေက တိုက်ပွဲတွေမရှိတော့ဘူး၊ အေးချမ်းပြီလို့ ပြောလို့ရပြီ၊ ဒါကြောင့် ပြန်သင့်ပြီလို့ လာပြောတာ၊ ပြီးတော့ နောက်ဆက်တွဲအနေနဲ့ စစ်ဘေး ရှောင်တွေကို နေ့စားအလုပ်သမားအနေနဲ့ အလုပ်လုပ်ခွင့်လည်း မပေးတော့ဘူး၊ တောင်ယာလုပ်ခွင့်ကလည်း အရင်ကတည်းက မရတာဆိုတော့ စားဝတ်နေရေးတော့ တော်တော်ခက်ခဲတယ်…” ဟု ပြောသည်။
ပလက်ဝဒေသခံ စစ်ဘေးရှောင်များအနေဖြင့် မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင်နဲ့ လောင်တလိုင်ခရိုင်ထဲတွင် ရောက် ရှိနေခြင်းဖြစ်ပြီး ယခုနေရပ်ပြန်ရန် ဖိအားပေးခံရသည့် ဆိုင်ဟားခရိုင်၊ ခိန်ခုံနှင့် လုံပူးကျေးရွာတွင် လူဦးရေ ၁၂၀၀ ဝန်းကျင်ရှိကြောင်း သိရှိရသည်။

Khumi Media Group – KMG
လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာရှိ ပလက်ဝစစ်ဘေးရှောင်နေအိမ်များကို တွေ့ရစဉ် (Photo: Salai Benjamin)

Leave a Reply

Your email address will not be published. Required fields are marked *