Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

စစ်ကောင်စီရဲ့‌ရွေးကောက်ပွဲက ဘယ်သူ့အတွက်လဲ

၁။ ရွေး‌ကောက်ပွဲဆိုင်ရာအယူအဆရဲ့ အခြေခံနိယာမ။
“ရွေးကောက်ခြင်း” ဆိုတာ ရွေးချယ်မှု (choice) ဆိုင်ရာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပြီး မိမိအတွက်ကောင်းတဲ့သူ ဒါမှမဟုတ် အကျိုးရှိတဲ့အရာ ကိုရွေးချယ်ကြလေ့ရှိတယ်။ မိမိက “ကိုယ့်အတွက်ကောင်းတယ်လို့” မြင်ရင် အဲ့ဒါ ဟာကိုယ့်အတွက်အခွင့်အရေးဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နေ့စဉ်ဘဝဟာ ရွေးချယ်မှုတွေပြုလုပ်ရပြီး အဲဒီ ရွေးချယ်မှုဟာလည်း ကိုယ့်အတွက်အကျိုး တစ်စုံတရာ၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာကျေနပ်မှုတစ်ခုခုကို ပေးနိုင် တဲ့အရာဖြစ်ရပါမယ်။ မိမိရဲ့ရွေးချယ်မှုအပေါ် တစ်စုံတစ်ဦးရဲ့အာဘော် သို့တည်းမဟုတ် ဖိအားရှိနေရင် အဲဒီ ရွေးချယ်မှုဟာ စစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးနိုင်မှာ မဟုတ်ပါဘူး။
နိုင်ငံရေးရဲ့နိယာမမှာ ရွေးချယ်မှုပြုလုပ်ရတာဟာ နိုင်ငံရေးဆိုင်ရာအခွင့်အ‌ရေးတွေအတွက် ပြုလုပ်ရမှာဖြစ်ပါ တယ်။ နိုင်ငံရေးအခွင့်အရေးဆိုတာ ဘာလဲလို့ပြောရရင် သဘာဝအခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်… စတဲ့အခြေခံအခွင့်အရေးတွေဖြစ်ပြီး အဲဒါတွေတို့ကို နိုင်ငံရေးအရ၊ ဥပဒေအရ စနစ်တကျ အကာအကွယ် ပေးနိုင်တဲ့အရာပါ။ တိုင်းပြည်မှာ နိုင်ငံသားတွေဟာ မလုံခြုံဘူး၊ အသက်အန္တရယ်တွေနဲ့ ကြုံတွေ့နိုင်ပြီး မိမိပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေလည်း အာမခံချက်မရှိဘူးဆိုရင် အုပ်ချုပ်သူ ဒါမှမဟုတ် အစိုးရဟာ ပြည်သူအပေါ်တာဝန်မကျေဘူးလို့ ပြောရမှာပါ။ အဲဒါကြောင့် ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုက သူတို့ရဲ့ သဘာဝအခွင့်အရေးတွေအတွက် နိုင်ငံရေးအရ၊ ဥပဒေအရ အမှန်တကယ် အကာအကွယ်ပေးနိုင်တဲ့ အစုအဖွဲ့တွေကိုရွေးချယ်ပြီး သူတို့ရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုရမှာပါ။
ဥပမာပြောရရင် ၂၀၁၅ ရွေးကောက်ပွဲကိုလေ့လာကြည့်တဲ့အခါ သဘာဝအခွင့်အရေးအပြင် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာမဲပေးခွင့် (Right to Vote)၊ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့် (Freedom of Speech and Expression) နဲ့ လွတ်လပ်စွာစုရုံးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ အဖွဲ့အစည်းဖွဲ့စည်းပိုင်ခွင့်တွေကို ပြည်သူလူထုက ရရှိတာကိုတွေ့ရပါတယ်။ ဆိုလိုတာက နိုင်ငံရေးပါတီတွေလွတ်လပ်စွာစည်းရုံးခွင့်ရှိသလို ပြည်သူတိုင်းမှာ လွတ်လွတ်လပ်လပ်မဲပေးနိုင်ရေးအတွက် အစိုးရက ကန့်သတ်တာမျိုးတွေမလုပ်ရဘူး။ တကယ်လို့ မဲပေးမှုရဲ့နောက်မှာ ဖိအားပေးမှုတစ်စုံတစ်ရာရှိပြီဆိုရင် အဲ့ဒါဟာ စစ်မှန်တဲ့ မဲပေးခွင့်မဟုတ်တော့ပါဘူး။ ဒါကို ရွေးကောက်ပွဲလို့သတ်မှတ်လို့မရဘူး။

၂။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲစီစဉ်မှုရဲ့နောက်ခံ။
လက်ရှိစစ်ကောင်စီကနေ ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေးဆိုင်ရာရွေးချယ်မှုပြုလုပ်ဖို့အတွက် ယုံကြည်ရလောက်တဲ့ အဖွဲ့အစည်း ဟုတ်မဟုတ်ဆိုတာကို ပြည်သူတွေသိပြီးသားပါ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ဒီချိန်ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပြည်သူတွေရဲ့အခြေခံ သဘာဝအခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်ကိုတောင် အာမခံချက်မပေးနိုင်ဘဲ ကျူးလွန်နေတဲ့သူက ဦးဆောင်မယ်ဆိုတာ ဘယ်ဘုရားမှ ယုံလို့မရပါဘူး။ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မယ်လို့ စစ်ကောင်စီဖက်က ပြောရင်တောင် ဘာနဲ့အာမခံချက်ပေးမှာလဲပေါ့။ ဆိုလိုတာက ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲထားတဲ့ ဖွဲ့အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွေရှိလားပေါ့။ သူ့ဆီမှာရှိတာဆိုလို့ စစ်တပ်အာဏာတည်တံ့ရေး ဥပဒေတွေပဲရှိတာပါ။ သူ့ရဲ့ ရွေးကောက် ပွဲလမ်းစဉ်နဲ့ နိုင်ငံရေးဖိအားလျှော့ချဖို့ ကြိုးစားတာကို တရုတ်ကတောင်မယုံကြည်လို့ ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီး ၂၀၂၃ ခုနှစ်အထိ တရုတ်သံအမတ်တွေ မြန်မာနိုင်ငံကို နှစ်ကြိမ်လာခဲ့ပါသေးတယ်။ ၂၀၂၃ ခုနှစ်ကတည်းက ရွေးကောက်ပွဲပြုလုပ်သွားမယ်ဆိုတဲ့ သူ့ကြေညာချက် တကယ်အောင်မြင်လားဆိုတာတော့ အများအမြင်ပါပဲ။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပခွင့်၊ ဦးဆောင်ခွင့်ရှိလားဆိုတော့ ခေတ်ပျက်အောင်ဖန်တီးပြီး ရွေးကောက်ပွဲတွေ တောက်လျှောက်လုပ်လာတာ အဲ့ဒီလူတွေပဲ။ သူတို့အနေနဲ့ ရွေးကောက်ပွဲလုပ်ခွင့် ရှိပါတယ်။ မတရားအသင်းလည်း ကြေညာပိုင်ခွင့်ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဥပဒေရဲ့အထက်မှာလေ။ သူတို့ ထုတ်ထားတဲ့ ဘယ်ဥပဒေမဆို ပြည့်သူ့ဆန္ဒကိုဆန့်ကျင်ထားတော့ အဲဒီဥပဒေတွေက သူတို့တွေရဲ့ လက်ကိုင်တုတ် ဖြစ်ရုံပေါ့။ အဲဒါကြောင့် လုပ်နိုင်တယ်လို့ပြောတာပါ။ နောက်ထပ်တစ်ခုက လက်ရှိမှာ စစ်ရေးအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် ထွက်ပေါက်ရယ်လို့ တရုတ်အကျိုးတော်ဆောင် ကော်မတီဝင်လုပ်ဖို့ပဲ ကျန်တာပါ။ ပြီးတော့ တစ်ဖက်မှာစစ်ကောင်စီဟာ တရုတ်ရဲ့နိုင်ငံရေးခွင်ထဲက လုံးဝရုန်းလို့မရတဲ့ အနေအထား တစ်ခုဖြစ်နေပြီ။ ဘာလို့ လဲဆိုရင် တရုတ်ဟာ သူ့ရဲ့အကျိုးအမြတ်အတွက် နိုင်ငံရေးခွင်နှစ်ခုကိုဆင်ပြီး မြန်မာပြည် မှာ စစ်ရေးဖော်ဆောင် နေတယ်လို့ ပြောလို့ရပါတယ်။ တရုတ်နဲ့ဆက်ဆံရေးပျက်ခဲ့ရင် တရုတ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်လာတာနဲ့ စစ်ကောင်စီရဲ့နယ်မြေတွေဟာ ပိုမို ဆုံးရှုံးလာမှာကို သူတွက်ဆထားတယ်။ အဲဒါကြောင့် တရုတ်ရဲ့မူဖြစ်တဲ့ ရွေးကောက်ပွဲလမ်းစဉ်ကို သူသွားလိမ့် မယ်။ စစ်ကောင်စီဟာ တရုတ်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်လာနိုင်ဖွယ်ရှိပြီး တရုတ်ခိုင်းတဲ့ အလုပ်တွေကို ပီပီပြင်ပြင်လုပ်ဆောင်လာမယ်လို့ သုံးသပ်ရပါတယ်။ ဥပမာ- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာစစ်ကောင်စီ ရဲတပ်ဖွဲ့ကို တရုတ်က ယွမ် ၅ သန်းတန်ဖိုးရှိတဲ့ ရဲလုပ်ငန်း အသုံးအ‌ဆောင်ပစ္စည်းတွေကို ထောက်ပံ့ခဲ့ပါသေးတယ်။ ဆိုတော့ တရုတ်အကူ အညီနဲ့ သူ့တို့ရဲ့ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းမကျတဲ့ လမ်းစဉ်တွေနဲ့ ရွေးကောက်ပွဲကိုလုပ်ခွင့်ရှိတယ်လို့ ပြောရတာပါ။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုကို အရင်နားလည်ရပါမယ်။ ပထမအချက်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက “တရုတ်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မလုပ်တဲ့မူဝါဒကို ကိုင်စွဲထားပြီး မြန်မာပြည်သူတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာတယ်…” လို့ ထုတ်ပြန်ထားပေမဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တုန်းက တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို တရုတ်က သတိပေးစာပေးပို့ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအပေါ်သက်ရောက်နေတဲ့ တရုတ်ရဲ့အခန်းကဏ္ဍပါ။ ပြီးတော့ တစ်ဖက်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က MNDAA အနေနဲ့ တရုတ်ကကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုထားတာကိုလည်းတွေ့ရပြန်တယ်။ ဒါတွေဟာ တရုတ်နိုင်ငံရဲ့ စစ်ကောင်စီ စီစဉ်နေတဲ့ရွေးကောက်ပွဲအပေါ် သိသာမြင်သာစေတဲ့ လုပ်ရပ်တွေဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ရွေးကောက်ပွဲဟာ ဖြစ်မြောက်ခဲ့ရင်တောင် တရုတ်ရဲ့အကျိုးအမြတ် အကာအကွယ် ဖြစ်ရေးသာ ဖြစ်တယ်လို့မြင်ပါတယ်။
ဒုတိယအချက်က စစ်ကောင်စီအတွက် ဖိအားဖြစ်စေတာက အိန္ဒိယရဲ့အခန်းကဏ္ဍပါ။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ အိန္ဒိယအစိုးရကို အရပ်ဘက်အဖွဲ့အစည်း ၂၆၈ ဖွဲ့ကနေ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာတွေ မလုပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ စတင်ထိတွေ့ဆက်ဆံဖို့ အိတ်ဖွင့်ပေးစာပေးပို့လိုက်ပြီးနောက် စက်တင် ဘာလ ၂၃ ရက်နေ့မှာ NUG/CNF/KIA/AA… စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အိန္ဒိယအစိုးရက ဖိတ်ကြားလာတာကိုတွေ့ရတယ်။ သေချာတာက အိန္ဒိယလို ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ဒီမိုကရေစီနည်းကျ မဟုတ်တဲ့ ရွေးကောက်ပွဲတွေကိုသူထောက်ခံမယ်လို့တော့ မမြင်ပါဘူး။
နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီနိုင်ငံတွေကလည်း သူ့ရဲ့ရွေးကောက်ပွဲရလဒ်နဲ့ တရားဝင်မှုရှာပုံတော်ကို အသိအမှတ်ပြုမှာမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်… စတဲ့ နိုင်ငံတွေလည်း တရားဝင်တယ်လို့ အသိမှတ်ပြုမှာမဟုတ်ပါဘူး။ သေချာတာက ရှမ်းမြောက်ပိုင်းမှာ စစ်ပွဲတွေငြိမ်လာတာလောက်ပဲ တွေ့ရမှာပါ။

၃။ နိဂုံးချုပ်။
နိဂုံးချုပ်ပြောရရင် ပြည်သူမပါတဲ့ရွေးကောက်ပွဲဟာ တရုတ်အတွက်ကောင်းကျိုးသာဖြစ်ပြီးတော့ ၎င်းရွေးကောက်ပွဲဟာလည်း ဒီမိုကရေစီတိုက်ပွဲဝင်သူတွေအတွက် ကောင်းကျိုးတစ်စုံတရာရှိမှာ မဟုတ်ပါဘူး။ တရုတ်ရဲ့ထောက်ပံ့မှုနဲ့ ပြုလုပ် မယ့် ရွေးကောက်ပွဲကို ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ကန့်ကွက်ရပါမယ်လို့ မြင်မိပါတယ်။

ဆလိုင်းပန်ဟိုက်
(စာရေးသူ၏ လွတ်လပ်သော အမြင်သဘောထား ဖြစ်ပါသည်။)
ကိုးကားချက်များ
၁။ (1) RFA Burmese – စစ်ကောင်စီကို အားပေးထောက်ခံတာတွေ ရပ်တန့်ဖို့… | Facebook
၂။ Exclusive: India extends unprecedented invite to Myanmar’s anti-junta forces, sources say | Reuters
၃။ (1) RFA Burmese – တရုတ်သံအမတ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ… | Facebook
၄။ (1) RFA Burmese – မြန်မ့ာအရေး ကြားဝင်စေ့စပ်ပေးဖို့ တရုတ်ကို MNDAA… | Facebook
၅။ ၂၀၂၄ စက်တင်ဘာ ၁၁ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု – BBC News မြန်မာ

Khumi Media Group -ခူမီးမီဒီယာ

Leave a Reply

Your email address will not be published. Required fields are marked *