ချင်းအမျိုးသားတပ်ဦး- CNF တာဝန်ရှိသူများနှင့် Chin Peace and Reconciliation Initiative – CPRI တို့တွေ့ဆုံ

ချင်းအမျိုးသားတပ်ဦး- CNF တာဝန်ရှိသူများနှင့် Chin Peace and Reconciliation Initiative – CPRI တို့တွေ့ဆုံ
နိုဝင်ဘာ ၃၊ ၂၀၂၄
ချင်းအမျိုးသားတပ်ဦး-CNF တာဝန်ရှိသူများနှင့် အမေရိကန်အခြေစိုက် Chin Peace and Reconciliation Initiative – CPRI တာဝန်ရှိသူများ အမေရိကန်နိုင်ငံ အင်ဒီယားနားပိုးလစ်မြို့ CBC-USA ရုံးခန်းတွင် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ချင်းအမျိုးသားများ ညီညွတ်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း VOC သတင်းက ဖော်ပြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဋ္ဌ Pu Zing Cung ပါဝင်တက်ရောက်ခဲ့ပြီး CPRI ဘက်က ဥက္ကဋ္ဌဖြစ်သူ Rev. Dr. Biak Lian Thang ဦးဆောင်သည့်အဖွဲ့နှင့် လက်ရှိချင်းတော်လှန်ရေးအခြေအနေ ပိုမိုအားကောင်းလာစေရေးနှင့် ချင်းတော်လှန်ရေးအဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
Chin Peace and Reconciliation Initiative (CPRI) အဖွဲ့သည် အမေရိကန်ပြည်ထောင်စုရှိ ချင်းအသင်းတော် အားလုံးစုပေါင်းဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ချင်းလူမျိုးများအကြား ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စေ့စပ်နိုင်ရေး ရည်ရွယ်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းသိရသည်။
ယခုတွေ့ဆုံပွဲတွင် အားရကျေနပ်စရာကောင်းသည့်ရလဒ်များ ရရှိခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
Khumi Media Group
သတင်းဓါတ်ပုံ (VOC)

Leave a Reply

Your email address will not be published. Required fields are marked *