မင်းတပ်မြို့တွင်း တိုက်ပွဲပြင်းထန်

မင်းတပ်မြို့တွင်း တိုက်ပွဲပြင်းထန်
နိုဝင်ဘာ ၁၁၊ ၂၀၂၄။
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် မြို့ တွင်းတိုက်ပွဲများ ပြင်းထန်နေကြောင်း ယနေ့ထုတ်ပြန်သည့် ခေါနူးသုန်သတင်း ဖော်ပြချက်အရ သိရှိရသည်။
နိုဝင်ဘာလ ၉ ရက်မှစ၍ မင်းတပ်မြို့ပေါ် စစ်ကောင်စီစခန်းများကို ချင်းမြေကာကွယ်ရေးတပ်-မင်းတပ် အပါအဝင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေနေင်းဖြစ်ပြီး ယနေ့( နိုဝင်ဘာလ ၁၁ ရက်)အထိ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။
မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ တိုက်ပွဲဖြစ်နေသည်မှာ သုံးရက်ရှိသွားပြီဖြစ်ကြောင်း၊ စစ်ကောင်စီက နေ့တိုင်းနီးပါး ဗုံးကြဲနေပြီး လူနေအိမ်အချို့ကို မီးရှို့နေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်၏ ပြောပြချက်ကို သတင်းတွင်ဖော်ပြထားသည်။
မင်းတပ်မြို့သည် နွေဦးတော်လှန်ရေးတွင် အာဏာသိမ်းစစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်တော်လှန်သည့် မြို့ဖြစ်ပြီး မြို့အခြေစိုက် ခလရ – ၂၇၄ တပ်ရင်းနှင့် ရဲစခန်းအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသည့် နေရာအချို့ရှိနေသေးသည့်အတွက် အဆိုပါနေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
#Photo Credit

Leave a Reply

Your email address will not be published. Required fields are marked *