ခမီလူငယ်များကို အေအေထံစစ်မှုထမ်းရန် စုဆောင်းနေ

ခမီလူငယ်များကို အေအေထံစစ်မှုထမ်းရန် စုဆောင်းနေ
နိုဝင်ဘာလ ၂၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ခမီလူငယ်များကို ပြည်သူ့စစ်သင်တန်း တက် ရောက်ရန် စုဆောင်းနေကြောင်း MDN က နိုဝင်ဘာ ၂၁ ရက်နေ့သတင်းတွင် ဖော်ပြသည်။
၁၈ နှစ်ပြည့်လူငယ်တိုင်း ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် စေလွှတ်ပေးရမည်ဖြစ်ပြီး လူငယ်မရှိသည့် အိမ် ထောင်စုများကိုမူ တစ်အိမ် ကျပ် ၁၀ သိန်းနှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြပါရှိသည်။ ငွေမပေးနိုင်ပါက “လူမျိုးရေးသစ္စာဖောက်”ဟု စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်မှုများခံရပြီး ထိုကဲ့သို့လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်ပေးမည့် အဖွဲ့အစည်းများလည်း မရှိကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝကျေးရွာအုပ်စုသို့ ထွက်ပြေးလာသည့် ခမီလူမျိုး ၈၀၀ ကျော် ရောက်ရှိနေပြီး အခြေခံစားကုန်များနှင့် နေထိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ခမီလူမျိုးများမှာ အခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူများမဟုတ်ဘဲ ဌာနေတိုင်းရင်းသား ဖြစ်သည်။
MDN=Maungdaw Daily News

Leave a Reply

Your email address will not be published. Required fields are marked *