ပလက်ဝမြိုနယ်၊ ဝက်မကျေးရွာမှ ဒေသခံ ၁၁ ဦးကို အေအေတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထား

ပလက်ဝမြိုနယ်၊ ဝက်မကျေးရွာမှ ဒေသခံ ၁၁ ဦးကို အေအေတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထား
နိုဝင်ဘာ ၂၄၊ ၂၀၂၄။
အေအေတပ်ဖွဲ့မှ ယခုနှစ် နိုဝင်ဘာလအတွင်း ပလက်ဝမြို့နယ် ဝက်မကျေးရွာသား ၁၁ ဦးကို CDF (ပလက်ဝ)တပ်ဖွဲ့ဝင်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားပြီး အချို့ကိုမူ CDF (ပလက်ဝ)ကို ထောက်ပံ့မှုနှင့် ဆက်သွယ်သတင်းပေးသည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
“အေအေတွေက ဒေသခံတွေကို အခုတလော အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေရှိတယ်။ စစ်ဆေးတယ်။ သူတို့ထင်သလို လုပ်နေတာပဲ။ ခူမီးလူမျိုးကိုဆိုရင် CDF (ပလက်ဝ) နဲ့ ဆက်စပ်တယ် ဆိုတာတွေရော၊ တခြား အကြောင်းပြချက်တွေနဲ့ရော စစ်ဆေးဖမ်းဆီးနေတာတွေ အများကြီးရှိနေတယ်။ ဒါက တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူးလို့ မြင်တာပဲ။ ဒါက သက်သက်မဲ့ အာဏာပြနေတာနဲ့ မတူဘူးလား…” ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ပိုင်းတွင် ULA/AA က ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ဒေသခံများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားသူ ၅၉ ဦးခန့်ရှိပြီး စက်တင်ဘာလအတွင်းက ၅ ဦးကို ပြန်လွှတ်ပေးခဲ့သည်ကို တွေ့ရသည်။
Photo by Patrick
ဓါတ်ပုံ – ဆမီးမြို့

Leave a Reply

Your email address will not be published. Required fields are marked *