ဖလမ်းမြို့တွင်း တိုက်ပွဲပြင်းထန်နေ

ဖလမ်းမြို့တွင်း တိုက်ပွဲပြင်းထန်နေ

နိုဝင်ဘာလ ၁၁ ၊ ၂၀၂၄။
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကစ၍ ကနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့အထိ စစ်ကောင်စီတပ် ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု ချင်းဝေါလ် သတင်းက ဖော်ပြသည်။
ဖလမ်းမြို့တွင် ခလရ-၂၆၈ အခြေချတပ်စွဲထားပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ခဲ့ပြီးနောက် ယခုအချိန်တွင် တိုက်ပွဲပိုမိုပြင်ထန်လာခြင်းမှာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) နှင့် မဟာမိတ်တပ်ဖွဲ့က အခြေစိုက်တပ်ရင်း ခလရ-၂၆၈ ကိုသိမ်းပိုက်ရရှိရေး ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် ဖြစ် သည်ဟု သိရသည်။
“လက်ရှိမြို့တွင်း တိုက်ပွဲတွေပြင်းထန်နေတယ်။ ခလရ-၂၆၈ ကို မရသေးဘူး။ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ အခြေအနေမှာရှိတယ်။ နောက်ပြီး မြို့တွင်းမှာ ကျန်တဲ့ဟာတွေလည်း မရှိတော့ပါဘူး”ဟု စစ်ရေးအခြေအနေ သိရှိသူ ဒေသခံတစ်ဦးပြောကြောင်း ချင်းဝေါလ်သတင်းက ဖော်ပြသည်။
တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည်ပါက်ကွဲမှုကြောင့် ဒေသခံများထိခိုက်သေသေးမှုရှိလာပြီးနောက် ဒေသခံ များအနေဖြင့် ဘေးလွတ်ရာသို့ မြို့လုံးကျွတ်နီးပါး တိမ်းရှောင်နေကြကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။
Khumi Media Group
# Photo – Chin World

Leave a Reply

Your email address will not be published. Required fields are marked *