Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

ဗြိတိသျှအုပ်ချုပ်မှုအလယ်ပိုင်းကာလ ပလက်ဝမြို့နယ်ရှိလူမျိုးများ အပိုင်း(၁)

ဗြိတိသျှအုပ်ချုပ်မှုအလယ်ပိုင်းကာလ ပလက်ဝမြို့နယ်ရှိလူမျိုးများ

အပိုင်း(၁)
(သြသနီရယ်လ် တင်မ်ပို)
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆) ရက်
(၁)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြသောလူမျိုးများနှင့်ပတ်သက်၍ လွဲမှားနားလည်မှု မကြာခဏ ဖြစ်ကြပါသည်။ တစ်ဖက်တွင်လည်း ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြသူများသည် ရခိုင်လူမျိုးနှင့် ဘာသာစကားနှင့်ရိုးရာယဥ်ကျေးမှုတူညီဆက်စပ်နေကြောင်း ယူဆပြောဆိုနေကြခြင်းများ ရှိပါသည်။ ပလက်ဝမြို့နယ်ထဲသို့ ဗြိတိသျှတို့ဝင်ရောက်လာပြီး၊ ၎င်းတို့၏အုပ်ချုပ်မှုဆောင်ရွက်ချိန် အလယ်ပိုင်းကာလ (၁၈၄၁ မှ ၁၉၁၀ ထိ) နှစ်ပေါင်း ၇၀ အတွင်း ပလက်ဝမြို့နယ်ထဲ၌ မှီတင်းနေထိုင်ကြသည့် လူမျိုးများအကြောင်း ရေးသားတင်ပြလိုပါသည်။
(၂)
၁၈၂၆ ခုနှစ်တွင် ရန္တပိုစာချုပ်အရ ရခိုင်နှင့်တနင်္သာရီသည် ဗြိတိသျှအုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။ သို့ရာတွင် ရခိုင်နှင့်ဆက်စပ်နေသော ချင်းနယ်ခြားဒေသ (Chin frontier) ကုလားတန်မြစ်ညာဘက်သို့ ၁၈၄၀ ပြည့်လွန်နှစ်များတွင်မှသာ စူးစမ်းလေ့လာမှုစတင်ပြုလုပ်ခဲ့ပါသည် (Pum Khan Pau 2018: 3)။ ၁၈၄၁-၄၂ ခုနှစ်အတွင်း Lt. Albert Fytche နှင့် Lt. Arthur Phayre တို့ ခူမီးတို့ထံ ကနဦး သွားရောက်စူးစမ်းလေ့လာမှု ပြုလုပ်ခဲ့သည်။ ဗြိတိသျှတို့သည် ၁၈၂၆ ခုနှစ်တွင် စစ်တွေမြို့ကို တည်ထောင်ပြီး၊ စစ်တွေခရိုင်အုပ်ချုပ်မှု စတင်ပြီးနောက် ရခိုင်နှင့်ဆက်စပ်နေသော ကုလားတန်မြစ်ရိုးဒေသကို စစ်တွေခရိုင်မှ ကြီးကြပ်စီမံခဲ့ပါသည်။ ထို့နောက် နှစ်ပေါင်း ၅၀ အကြာ ၁၈၇၆ ခုနှစ်တွင် ပလက်ဝမြို့ကိုတည်ထောင်ပြီး၊ နယ်ပိုင်အုပ်ချုပ်ရေးရုံးကို ဖွင့်လှစ်ထားရှိခဲ့သည် (Brown 1960: 10)။ ၁၈၈၀ ပြည့်နှစ်အထိ ဒေသတစ်ခုလုံး၏ဧရိယာ ၂၀% ခန့် (စုစုပေါင်းစတုရန်းမိုင် ၅၀၀၀ ကျော်အနက် စတုရန်းမိုင် ၁၀၁၅) ကိုသာ အုပ်ချုပ်ရေးဆောင်ရွက်နိုင်ကြောင်း သိရှိရသည် (Hunter 1885: 299)။
၁၈၄၆ ခုနှစ်ထုတ်ဝေသော The Journal of the Asiatic Society of Bengal (JASB), Vol. 15, Issue 169 ၌ Arracan Local Battalion မှ Lt. Thomas Latter (1816-1853) ရေးသားသည့် A Note of Some Hill Tribes on the Kuladyne River; – Arracan စာတမ်းတွင် ကုလားတန်မြစ်ရိုးတလျှောက် နေထိုင်သည့်လူမျိုးများအကြောင်းဖော်ပြခဲ့ရာ၊ ၎င်းတို့မှာ ခူမီး (Khumis)၊ မြို (Mrus)၊ အနူး (Anoos)၊ ကျော (Kyaus)၊ ခွန် (Khons)၊ ရှမ်းဒူး (Shentoos) နှင့် ချောင်းသား (Khyoungthas) တို့ဖြစ်သည် (အင်္ဂလိပ်ဘာသာ မူရင်းအရေးအတိုင်း၊ JASB 1846: 60)။
၁၈၇၃ ခုနှစ်တွင် Royal Anthropological Institute of Great Britain and Ireland မှထုတ်ဝေသည့် The Journal of the Anthropological Institute of Great Britain and Ireland (JAIGBI), Vol.2 ၌ လက်ထောက်ကော်မရှင်နာ R.F. St. Andrew St. John က A Short Account of the Hill Tribes of North Aracan စာတမ်းတွင် ရခိုင်ပြည်မြောက်ဖျားရှိတောင်တန်းနယ်များ တနည်း ချင်းနယ်ခြားဒေသ ပလက်ဝမြို့နယ်ရှိ တောင်ပေါ်သားမျိုးနွယ်များအကြောင်း ထည့်သွင်းရေးသားခဲ့ပါသည်။
R.F St. Andrew St. John သည် ၁၈၇၀ ပြည့်နှစ်၊ မတ်လတွင် ခန့်အပ်ခြင်းခံရပြီး ၁၈၇၁ ခုနှစ်၊ ဇွန်လထိ ၁၈ လကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းက ရခိုင်ပြည်မြောက်ဖက်ရှိတောင်တန်းနယ်များ၌ နေထိုင်သည့်လူမျိုးများမှာ ရခိုင် သို့မဟုတ် ချောင်းသား (Rahkaing or Chyoung-thah)၊ ရှမ်းဒူး (Shandoo)၊ ခမီး (Hkamie)၊ မြို (Mro)၊ အနူး သို့မဟုတ် ခေါင်စို (Anu or Hkoung-tso)၊ ချင်း (Chin or Hkyn)၊ ချော (Chaw) ဟူ၍ (၇) မျိုးဖြစ်ကြောင်းဖော်ပြခဲ့ပါသည် (အင်္ဂလိပ်ဘာသာ မူရင်းအရေး အတိုင်း၊ JAIGBI 1873: 234)။
၁၈၈၁ ခုနှစ်တွင် ရခိုင်ပြည်မြောက်ဖက်ရှိ တောင်တန်းနယ်များ၏ ဒုတိယမြောက်နယ်ပိုင်ဝန်ထောက် ဖြစ်လာသူ Major W. Gwynne Hughes က The Hill Tracts of Arakan စာအုပ်ကို ရေးသားခဲ့သည်။ ၎င်းသည် ရခိုင်နှင့်ဆက်စပ်နေသောတောင်တန်းနယ် (Hill Tracts of Arakan) တွင် ၁၈၇၁ မှ ၁၈၈၀ ပြည့်နှစ်၊ မတ်လအထိ ဆယ်နှစ်ကြာ အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်ခဲ့သည်။ ၎င်း၏စာအုပ်ထဲတွင် ထိုဒေသ၌နေထိုင်သည့် လူမျိုးများမှာ ခမီး သို့မဟုတ် ခူမီး (Kamees or Kumees)၊ မြို (Mros)၊ ချင်း (Chins)၊ ချောင်းသား (Choungthas)၊ ချော (Chaws) နှင့် ခွန် (Koons) ဟူ၍ (၆) မျိုးဖြစ်ကြောင်း ဖော်ပြထားပါသည် (အင်္ဂလိပ်ဘာသာ မူရင်း အရေးအတိုင်း၊ Hughes 1881: 10)။
၁၉၁၀ တွင် G.E.R Grant Brown, I.C.S က စုစည်းပြီး အစိုးရက ထုတ်ဝေ (၁၉၆၀ ပြည့်နှစ်တွင် ထပ်မံ ထုတ်ဝေ) သော Burma Gazetteer, Northern Arakan District (or Arakan Hill Tracts), Vol. A တွင် ရခိုင်ပြည်မြောက်ဖျားရှိတောင်တန်းနယ်များတွင် နေထိုင်သည့်လူမျိုးများမှာ ခမီး (Kamis)၊ မြို (Mros)၊ ချောင်းသား (Chaungthas)၊ ချင်း (Chins)၊ ချော (Chaws)၊ ခေါင်စို (Khaungtsos)၊ အနူး (Ahnus) နှင့် ခွန် (Kons) ဟူ၍ (၈) မျိုး ဖြစ်ကြောင်းဖော်ပြထားသည် (အင်္ဂလိပ်ဘာသာ မူရင်းအရေး အတိုင်း၊ Brown 1910/1960: 10) ။
ဗြိတိသျှအုပ်ချုပ်သည့် ရခိုင်ပြည်မြောက်ဖက်တောင်တန်းနယ်များအတွင်း နေထိုင်သည့်လူဦးရေမှာ ၁၈၇၂ ခုနှစ်၌ ၈,၇၉၀ ဦး၊ ၁၈၈၁ ခုနှစ်တွင် ၁၄,၄၉၉ ဦး၊ ၁၈၉၁ ခုနှစ်တွင် ၁၄,၆၂၈ ဦးနှင့် ၁၉၀၁ ခုနှစ် တွင် ၂၀,၆၈၂ ဦးဖြစ်ပါသည်။ သို့သော် ၁၉၀၁ ခုနှစ် အစောပိုင်းက လူဦးရေများသည် အတိအကျဖြစ်နိုင်ဖို့ ခက်ခဲသည်ဟုဆိုပါသည် (Brown 1910/1960: 10)။ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်၊ နယ်ခြားဒေသများစုံစမ်းရေးကော်မတီ၏ အစီရင်ခံစာ (၂၄၊ ဧပြီ ၁၉၄၇) အရ ပလက်ဝမြို့နယ်ရှိ လူဦးရေစုစုပေါင်းမှာ ၃၄,၀၀၀ ရှိပြီး၊ ယင်းအနက် ချင်း ၂၅,၇၇၂ ဦး (၇၅.၈%)၊ အခြား ၄,၆၂၄ (၁၃.၆%) နှင့် ရခိုင်အပါအဝင် မြန်မာများ ၃,၅၇၀ (၁၀.၆%) ဖြစ်ကြောင်း သိရှိရသည်။
(၃း၁)
St. John၊ Hughes နှင့် Brown တို့၏ဖော်ပြချက်များအရ ရခိုင်ပြည်မြောက်ဖက်ရှိ တောင်တန်းနယ်များအတွင်း အများဆုံးနေထိုင်ကြသူများမှာ ခမီး တနည်း ခူမီး ဖြစ်ကြောင်းသိရှိရသည် (JASB 1846: 235; Hughes 1881: 11; Brown 1910/1960: 10)။ ၁၈၈၁ ခုနှစ်တွင် လူဦးရေ ၁၄,၄၉၉ အနက် ခမီး/ခူမီး ၈၁၄၃ ဦး (Hunter 1885: 299) ဖြစ်ပြီး၊ ၁၉၀၁ ခုနှစ်တွင် ထိုဒေသနှင့် စစ်တွေခရိုင် နှစ်ခုပေါင်း ခမီး/ခူမီးလူဦးရေ ၂၄,၉၃၇ ဦး ရှိကြောင်း သိရသည် (Lowis 1902: 124) ။
ခမီးနှင့် ခူမီး ဟူသောအသုံးအနှုန်းသည် ရေးသားမှုပုံစံနှစ်မျိုးဖြစ်နေလင့်ကစား လူမျိုးတစ်ခုတည်းကိုသာ ဆိုလိုကြောင်း Latter (1846), St. John (1873) နှင့် Hughes (1881) တို့အားလုံးက လက်ခံကြ သည်။ Latter က ခူမီး (Khumi)၊ St.John က ခမီး (Hkamie) နှင့် Hughes က ခမီး သို့မဟုတ် ခူမီး (Kamee or Kumee) ဟူ၍ရေးသားခဲ့သည်။ ထို့ပြင် ရခိုင်မြောက်ဖျားခရိုင်၏ တွဲဖက်ကော်မရှင်နာ (နယ်ပိုင်ဝန်ထောက်) အဖြစ် ၁၃ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး Burma Gazetteer, Northern Arakan District ရေးသားပြုစုရာတွင်လည်း များစွာပါဝင်ဆောင်ရွက်ခဲ့သူ Mr. W.S. Thom (ခူမီးတို့က ၎င်းအား Tawm Sakhang ဟုခေါ်ကြသည်ဟု သိရသည် – စာရေးသူ) ကလည်း St. John နှင့် Hughes တို့၏ သတ်မှတ်ရည်ညွန်းချက်ကို ငြင်းဆိုခြင်း မရှိခဲ့ပါ။
ခမီး/ ခူမီးဟူသည့် အဓိပ္ပါယ်မှာ လူ (Homo) ဟုဆိုလိုခြင်းဖြစ်ပါသည်။ ခမီး ဟုသုံးနှုန်းရာတွင် အဓိပ္ပါယ် တစ်ခုတည်းဖြင့် လူ(Homo) ကို ဆိုလိုသော်လည်း ခူမီး ဟုသုံးနှုန်းသောအခါ ခူ နှင့် မီး နှစ်လုံးတွဲ၍၊ ခူ (Khu) သည် နယ်မြေဟုဆိုလိုပြီး၊ မီး (Mi) သည် လူသတ္တဝါကိုဆိုလိုခြင်းဖြစ်ရာ၊ ခူမီး ဆိုသည်မှာ နယ်မြေပိုင်နက်အတွင်းရှိ လူများ တနည်းနယ်မြေသားများ (People of the Land) ဟုဆိုလိုပါသည်။ အခြားချင်းလူမျိုးများက မိမိကိုယ်ကို မိမိတို့ လိုင်မီး (Laimi)၊ ဇိုမီး (Zomi)၊ မီဇို (Mizo) ဟူ၍ ခေါ်ဝေါ် ကြသကဲ့သို့ ဖြစ်ပါသည်။ Latter (1846) က ခူမီး (Khumi) ဟူ၍ ပီပီသသ ရေးသားခဲ့သည်ကိုတွေ့ရပါ သည်။ ခူမီးစာပေရရှိပြီးနောက် ခူမီး (Khumi) ဟုသာသုံးနှုန်းပါသည်။ ယနေ့ခေတ်၌ မျိုးနွယ်စုစာပေများ ဖော်ထုတ်ထွန်းကားလာသောအခါ ခူမီးအတွင်း နောက်ထပ်မျိုးနွယ်စုခွဲ (Sub-tribes) များ ပေါ်ထွက်လာရန် အခွင့်အလမ်းရရှိခဲ့ကြပါသည်။ ထိုသို့ ခူမီးအတွင်း မျိုးနွယ်စုခွဲများ ပေါ်ပေါက်ရပ်တည်နေကြလင့်ကစား ၎င်းတို့သည် ခူမီးမျိုးနွယ်စုဝင်များပင် ဖြစ်ပါသည်။
လက်ရှိတွင် ခူမီးနှင့်ယင်း၏မျိုးနွယ်စုဝင်များသည် ပလက်ဝမြို့နယ်အတွင်း၌သာမက၊ မတူပီမြို့နယ်ရှိ ကျေးရွာအချို့၊ ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းနယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တို့တွင်လည်း ပျံ့နှံ့နေထိုင်လျှက်ရှိကြပါသည်။
(၃း၂)
ရှမ်းဒူး (ခူမီးတို့က ဆမ္မတူး-Samtu ဟုခေါ်သည်) သည် မရာချင်း (Mara Chins) ဖြစ်သည်။ မရာချင်း တို့ကို လခဲရ် (Lakher) ဟုလည်းခေါ်ကြသည်။ ဆဘောင် (Sabawng/ Sabong) သည် ရှမ်းဒူး/ မရာ မျိုးနွယ်စုဝင် (sub-tribe) တစ်ခုဖြစ်သည်။ St. John က ရခိုင်ပြည်မြောက်ဖက်ရှိတောင်တန်းနယ်များတွင် ရှမ်းဒူးအချို့ နေထိုင်ကြောင်း ဖော်ပြခဲ့သော်လည်း၊ Hughes ကမူ ဖော်ပြခြင်း မပြုခဲ့ပါ။ Brown က ရှမ်းဒူးအကြီးအကဲများသည် ၁၈၉၆၊ ၁၉၀၆၊ ၁၉၀၇ ခုနှစ်များတွင် ပလက်ဝမြို့၌ ဗြိတိသျှအစိုးရခန့်ထားသော နယ်ပိုင်ဝန်ထောက်နှင့် လာရောက်တွေ့ဆုံမှုရှိခဲ့ကြောင်းဖော်ပြထားသည် (Brown 1910/1960: 15)။
၁၉၄၇ ခုနှစ်၊ မတ်လထဲတွင် ရန်ကုန်မြို့၌ နယ်ခြားဒေသများစုံစမ်းရေးကော်မတီနှင့် ရခိုင်ပြည်မြောက်ဖက်ရှိတောင်တန်းနယ်များမှ ကိုယ်စားလှယ်များတွေ့ဆုံရာသို့ လခဲရ် (မရာချင်း) ကိုယ်စားလှယ်များသည် ခူမီးချင်းကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပါဝင်ခဲ့ပါသည်။ မရာချင်းတို့သည် အဓိကအားဖြင့် မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် အိန္ဒိယနိုင်ငံ၊ ဆိုက်ဟာခရိုင်အတွင်းနေထိုင်ကြသည်။ ပလက်ဝမြို့နယ်တွင်မူ ကုလားတန်မြစ်အထက်ပိုင်း အိန္ဒိယနယ်စပ်ရှိကျေးရွာများတွင် နေထိုင်ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *