Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

မြန်မာ့ဗျူရိုကရေစီကို ဒီမိုကရေစီ စံတန်ဖိုးနှင့်အညီ တည်‌ဆောက်ရမည်

မြန်မာ့ဗျူရိုကရေစီကို ဒီမိုကရေစီ စံတန်ဖိုးနှင့်အညီ တည်‌ဆောက်ရမည်
၁။ နိဒါန်း
မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့စည်းသည့်ပုံစံကိုလေ့လာရာတွင် တပြည်ထောင်စနစ်ဖြင့်တည်‌ဆောက်ရန်မည်သို့မျှမဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်ကျင့်သုံးပြီးဖြစ်သော ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့သည် တပြည်ထောင်စုစနစ်ကို အနှစ်သာခံရေးဆွဲဖော် ဆောင်ခဲ့သောကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုလိုနီနယ်မြေမှ စုပေါင်းကာ သီးခြားလွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်လွတ်လပ်သောနိုင်ငံတော်များစွာကိုတည်ဆောက်ခဲ့ကြသည်။ ၎င်းတို့တွင် နိုင်ငံတော်တည်ဆောက် ရေးဆိုင်ရာအခြေခံမူများကိုရွေးချယ်ရာတွင် သမိုင်းဆိုင်ရာနောက်ခံသမိုင်းကိုအခြေခံပြီးရွေးချယ်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဥပမာယူသင့်သော နိုင်ငံများစွာထဲမှ အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ နယ်မြေကျဉ်း သော်လည်း လိုအပ်ချက်အရတိုင်းပြည်ကိုဖက်ဒရယ်စနစ်ဖြင့်တည်ဆောက်ခဲ့ကြသည်။
၂။ ဖက်ဒရယ်စနစ်အရ တိုင်းပြည်တည်ဆောက်ခြင်း၏ ရည်ရွယ်ချက်များ
ဖက်ဒရယ်စနစ်၏ အခြေခံအကျဆုံးအာမခံချက်မှာ နိုင်ငံရေးအာဏာကို ပြည်နယ်နှင့် ပြည်ထောင်စုအကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်တကျခွဲဝေခြင်း (Division of power) ဖြစ်ပြီး ဗဟိုအာဏာကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စနစ်တကျလျှော့ချခြင်းဖြစ်သည်။ ၎င်းသည် ဗဟိုအာဏာလျှော့ချခြင်း (Decentralization) နှင့် မတူပေ။ အဘယ့်ကြောင့်ဆိုသော် ဗဟိုအာဏာလျှော့ချခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလျှော့ချခြင်း သို့မဟုတ် ယာယီဥပဒေ (ယာယီမူဝါဒ) အရအာဏာလျှော့ချခြင်းဖြစ်ပြီး ဗဟိုအာဏာကို ဖက်ဒရယ်တိုင်းပြည် မဟုတ်သော တပြည်ထောင်နိုင်ငံများတွင်လည်းတွေ့နိုင်သည်။
ဖက်ဒရယ်တိုင်းပြည်တည်ဆောက်ရေးအတွက် ဖွဲ့စည်းမှုဆိုင်ရာအခြေခံမူတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရဟု ခွဲခြားထားရခြင်း၏အကြောင်းအရင်း အခြေခံအချက် ၃ ချက်ရှိသည်။
(၁) လူမျိုုးအများစုမှ လွမ်းမိုးချုပ်ကိုင်အုပ်ချုပ်ခြင်းမှ ကင်းလွတ်ရန်။
(၂) မိမိပြည်နယ် သို့မဟုတ် အထူးဒေသနှင့် ကိုက်ညီသော မူဝါဒ၊ ဥပဒေများကို ချမှတ်ရာတွင် မိမိတို့၏ လိုအပ်ချက်ကိုမိမိတို့သာ ကိုယ်ပိုင်ဆုံးဖြတ်ချမှတ်နိုင်ရန်။
(၃) နိုင်ငံရေးအရကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ယဉ်ကျေးမှုအရ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် တို့ဖြစ်သည်။
ဤအချက် ၃ ချက်သည် မြန်မာနိုင်ငံနှင့် လုံးဝကိုက်ညီသည်ဟုညွှန့်ဆိုရန်အခက်ခဲရှိသည်။ ဥပမာ တိုင်းနှင့် ပြည် နယ် ၁၄ ခုအဖြစ်သတ်မှတ်ပြီး အမျိုးသားပြည်နယ် ၇ ခု၊ ဒေသအခြေခံ ၇ ဟု သတ်မှတ်ထားသည် ဆိုပါစို့။ ၎င်းဖွဲ့စည်းသတ်မှတ်ချက်များသည် အများစု၏ လွှမ်းမိုးမှုမှလွတ်မြောက်ရန်နည်းလမ်း မဟုတ်သည်ကိုတွေ့ရ သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော်အဆင့်လူများစုသည် လူမျိုးစုပြည်နယ်များတွင် လူနည်းစုဖြစ်နိုင်ပြီး ဒေသအခြေခံတိုင်းဒေသကြီးများတွင် လူမျိုးစုတိုင်းရင်းသားများသည်လူနည်းစုအဖြစ်ရှိနေမည်ဖြစ်သည်။
အချက် ၃ အချက်သည် မြန်မာနိုင်ငံတွင် ကျင့်သုံးရန်ပျက်ကွက်ခဲ့သောအချက်ဖြစ်ပြီး ယဉ်ကျေးမှုအရကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မရှိသောကြောင့် မြန်မာနိုင်ငံရှိတိုင်းရင်းသားဘာသာစကားများကို အစိုးရကျောင်းများတွင် သင်ကြား ပိုင်ခွင့်မရှိခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းရင်းသားပြည်သူများသည် ၎င်းတို့၏ဘာသာစကားဖြင့် ပြောဆို ဆက်ဆံရာတွင် အခက်ခဲများစွာဖြစ်စေခဲ့သည်။ ယဉ်ကျေးမှုအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုပိတ်ပင်ခံရခြင်းနှင့် နိုင်ငံ ရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိခြင်းတို့ကြောင့် မြန်မာပြည်တွင်းစစ်ခရီး ရေရှည်ခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် အစိုးရနှစ်ရပ်ထားခြင်းအားဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်အကြားတွင် အာဏာချိန်ခွင်လျှာကိုက်ညီ စေ သည်။ ဖက်ဒရယ်စနစ်တွင် အထူးသတိပြုသင့်သည့်အချက်မှာ လူနည်းစုထဲမှ လူနည်းစုများ၏ အခွင့်အရေးဆိုင် ရာကိုအာမခံပေးနိုင်ရန်ဖြစ်သည်။ အကယ်၍ လူနည်းစု၏ အခွင့်အရေးအာမ ခံချက်မရှိပါက ပိုမိုရှုပ်ထွေး‌သော နိုင်ငံရေးပြဿနာဖြစ်လာနိုင်သည်။ ထို့ကြောင့်ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို ပိုမိုမြှင့်တင်လိုအပ်ခြင်း ဖြစ်သည်။
နိုင်ငံရေးအာဏာကို နိုင်ငံရေးစနစ်အပေါ်အခြေခံ၍ ပုံစံနှစ်မျိုးတွေ့ရသည်။
(၁) ထောင်လိုက်အာဏာခွဲဝေခြင်း (Division of Power)
(၂) အလျားလိုက်အာဏာခွဲဝေခြင်း (Separation of Power) တို့ဖြစ်သည်။
အလျားလိုက်အာဏာခွဲဝေခြင်းသည် (Separation of Power) မဏ္ဍိုင် ၃ ရပ် (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ နှင့် တရားစီရင်ရေး) ကိုစနစ်တကျ အာဏာခွဲဝေကျင့်သုံးခြင်းဖြစ်ပြီး ဒီမိုကရေစီတိုင်းပြည်များအပြင် စီမံအုပ်ချုပ်မှု ကောင်းမွန်သော တိုင်းပြည်များတွင်လည်းတွေ့ရသည်။ ဥပမာ- တရုတ်နိုင်ငံသည် ကွန်မြူနစ်တိုင်းပြည်ဟု ဆိုစေကာမူ ၎င်း၏အစိုးရ ပုံစံများကို အင်စတီကျူးရှင်း ၃ ခုဖြင့် နည်းစနစ်ကျကျခွဲဝေထားသည်ကိုတွေ့ရသည်။ ဒီမိုကရေစီကိုဦးတည်သည်ဟု ဖော်ညွှန်းသော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတိုင်းပြည်ဖြစ်သည့် မြန်မာနိုင်ငံ ၏ အလျားလိုက်အာဏာခွဲဝေခြင်း (Separation of Power) တွင် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတစ်ခုမှ ချုပ်ကိုင်ထားသည်ကို တွေ့ရသည်။ အခြေခံသဘောတရားအားဖြင့် အလျားလိုက်အာဏာခွဲဝေခြင်းသည် ဒီမို ကရေစီ၏ စံနှုန်းဖြစ်သော ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကိုထင်ဟပ်စေသည့်အပြင် အပြန်အလှန် ထိန်းကြောင်းသောစနစ်ကို အားကောင်း စေပါသည်။ ထို့ကြောင့်၎င်းသည် အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီ နည်းကျ စီမံစေရန် အဓိကရည်ရွယ်ထားသော နိုင်ငံရေးအာဏာခွဲဝေမှုပုံစံဖြစ်သည်။ တနည်းအား ဖြင့်အာဏာ ပိုင်းခြားခြင်းဟုလည်းဆိုသည်။
ထောင်လိုက်အာဏာခွဲဝေခြင်း (Division of Power) သည် နိုင်ငံတော်ဖွဲ့စည်းရေးအတွက် လိုအပ်ချက်ဖြစ်ပြီး အစိုးရအလွှာများအကြား အာဏာခွဲဝေခြင်းဖြစ်သည်။ သို့သော်ဤသည် ဗဟိုအာဏာလျှော့ချခြင်း (Decentralization)ကိုညွှန်းဆိုခြင်းမဟုတ်ပေ။ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသန္တရအစိုးရ… စသည့်အစိုးရ အလွှာများအကြားတွင် ဖွဲ့စည်းပုံနည်းကျကျ အာဏာလွဲပြောင်းခြင်း (Delegation of Power)၊ အာဏာဖြန့်ဝေခြင်း (Distribution of Power)၊ အာဏာမျှဝေခြင်း (Share of Power)တို့ကို လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့ လုပ် ဆောင်ရာတွင် ခွဲဝေပြီးသောမည်သည့်အာဏာကိုမဆို လွယ်လင့်တကူရုတ်သိမ်းခွင့်မရှိပေ။ ဤသည် အစိုးရ အလွှာ၊ နယ်မြေအပိုင်းအခြားများကို သက်ဆိုင်ရာဒေသခံပြည်သူများ၏ သဘောဆန္ဒနှင့် အညီအုပ်ချုပ်ခြင်း၊ စီမံခြင်းတို့ကိုလုပ်ဆောင်သည့် ဖက်ဒရယ်စနစ်ဖြစ်သည်။ ၎င်းသည် ဒီမိုကရေစီနည်းအရအာဏာခွဲဝေခြင်း မဟုတ်ဘဲ ဖက်ဒရယ်နည်းအရ အာဏာခွဲဝေခြင်းဖြစ်သည်။ တနည်းအားဖြင့် တိုင်းပြည်တည်ဆောက်မှုပုံစံကို အလွှာအလိုက်တည်ဆောက်ခြင်းကိုဆိုလိုသည်။
သီအိုရီအရနည်းကျဆွေးနွေးထောက်ပြရလျှင်ဖြင့် ဖက်ဒရယ်စနစ်သည် အာဏာရှင်စနစ်ကို ထိန်းချုပ်ကာကွယ် နိုင်ရေးအတွက် အာဏာများကို စနစ်တကျ ပိုင်းခြားခွဲဝေခြင်းဖြစ်သည်။ ထို့အပြင် ၎င်းစနစ်သည် အာဏာရှင် ကာကွယ်ရေးအတွက် ကောင်းမွန်သော စနစ်ဟုလည်းထောက်ပြကြသည်။
၃။ အမေရိကန်တွင်ကျင့်သုံးသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာနားလည်မှု။
ဖက်ဒရယ်သည် အမေရိကန်နိုင်ငံပေါ်လာပုံကို အခြေခံပြီးလေ့လာနိုင်သည်။ ဖက်ဒရယ်၏ အနှစ်သာရသည် စုပေါင်းနေထိုင်ခြင်းဖြစ်ပြီး ၎င်းတွင် စုံလင်ကွဲပြားမှုများကိုလက်ခံကာ အတူယှဉ်တွဲနေထိုင်ရေးကိုတန်ဖိုးထား ခြင်းဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်သည် ဒီမိုကရေစီ၏ စံတန်ဖိုးများကို တိုက်ရိုက်ဖော်ညွှန်းနေသည်ကို သတိပြုမိပါသည်။ အမေရိကန်သည် တိုင်းပြည်ကို ဖက်ဒရယ်နည်းအရ စု‌ပေါင်းတည်ဆောက်ပြီး အုပ်ချုပ်မှုပုံစံ တွင် ဒီမိုကရေစီစံများကို အခြေတည်လျက်တည်ဆောက်သည်။ ဥပမာ လွတ်လပ်စွာထုတ်ဖော်‌ပြောဆိုခွင့်သည် အခြေခံကျသော သဘာဝအခွင့်အရေးအဖြစ် အာမခံချက်ပေးသည်။ အမေရိကန်နိုင်ငံသားများသည် ၎င်းအခွင့် အရေးကို အစိုးရတွင်အပ်နှံထားခြင်း မပေးရန် ၁၇၈၉ ခုနှစ်မှစတင်၍ ၎င်းအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် မည်သည့်ဥပဒေမျှမပြဋ္ဌာန်းရ” ဟူ၍ ပြဋ္ဌာန်းထားသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လွတ်လပ်သောအမြင်နှင့် ဆက်စပ်မှုရှိပြီး တန်းတူ အမြင်ကိုအားပေးသည်။ အမေရိကန်နိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိပြီး ထုတ်ဖော်ရာတွင် သတ်ဖြတ်မှုကို ဆော်သြသူကို ရဲများက ဖမ်းဆီးနိုင်သည်။ သတ်ဖြတ်မှုကိုဆော်သြလာလျင် ၎င်းသည် အမြင်မဟုတ်ပဲ လုပ်ဆောင် ချက်ဖြစ်လာသော ကြောင့်ဖြစ်သည်။
အမေရိကန်နိုင်ငံသားများသည် ဒီမိုကရေစီဟုမသုံးနှုန်းပဲ Republican ဟုသုံးနှုန်းရခြင်းမှာ သမိုင်းဆိုင်ရာလမ်း ကြောင်းများကြောင့်ဖြစ်သည်။ အေသင်တွင်ကျင့်သုံးသည့် ဒီမိုကရေစီစနစ်သည် ၂၀ ရာစုမှနာမည်ရလာခဲ့သည်။ အေသင်ဈာပနပွဲအခမ်းအနားတွင် orator များကြွေးကြော်သည့် မိန်းခွန်းတွင် အေသင်နိုင်ငံသည် အခြားသူများ၏ ဖွဲ့စည်းပုံကိုအတုမယူဘဲ ၎င်းတို့၏စနစ်ကိုအတုယူရမည်။ ဂရိစစ်ပွဲအတွင်း သေဆုံးသူများသည်လည်း အကောင်း ဆုံး ဖွဲ့စည်းပုံနှင့် အုပ်ချုပ်သည့်နိုင်ငံကို ကာကွယ်သူများဖြစ်သည်။ နိုင်ငံသားမဟုတ်သူများတွင် ကျွန်၊ အမျိုးသမီး၊ နှင့် နိုင်ငံခြားသားများပါဝင်သည်။ နိုင်ငံရေးအတွေးအခေါ်ကို‌လေ့လာသူများက လွတ်လပ်ခွင့်ကို Ancient Liberty and Modern Liberty ဟု၍ နှစ်မျိုးခွဲခြမ်းထားသည်။ အမေရိကန်နိုင်ငံသားများသည် တိုက်ရိုက်ဒီမိုကရေစီ ကိုလက်မခံဘဲ ကိုယ်စားပြုဒီမိုကရေစီ (ကိုယ်စားလှယ်လွတ်သောစနစ်)ကို ကျင့်သုံးလာကြသည်။
Republican တွင် ကိုယ်တိုင်အုပ်ချုပ်နေသကဲ့သို့ ခံစားရသည့်ပုံစံဖြစ်စေရန် ကိုယ်တိုင်မဲပေးခွင့်၊ အရွေးချယ်ခံ ပိုင်ခွင့်… စသည်တို့ ပါဝင်ရန်ဖြစ်သည်။ အီတလီကျွန်းဆွယ်တွင် Republican အတွေးအခေါ်သည် Anarchy စနစ်မှ Aristocrat များအုပ်ချုပ်သည့်ခေတ်တွင် ထွန်းကားခဲ့သည်။
ထို့အပြင် အမေရိကန်နိုင်ငံကို စတင်တည်ထောင်ရာတွင် တိုက်ရိုက်ဒီမိုကရေစီစနစ်ကျင့်သုံးရန် ကြောက်ရွံ့ခဲ့ကြ သည်။ ပလေတို၏အတွေးအခေါ်တွင် တိုင်းပြည်အရေးအရာကိစ္စတွင် ပြည်သူတစ်ဦးချင်း၏ သိမြင်မှုသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အားနည်းချက်ဖြစ်စေနိုင်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံရေးသည် Professional အလုပ်တစ်ခုဖြစ်ပြီး ကျွမ်းကျင်သူများမှ ကိုင်တွယ်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ပလေတိုကထောက်ပြခဲ့ သည်။ ၎င်း၏စိုးရိမ်ချက်တွင် Demagogue ဟုခေါ်သော အပြောကောင်းသူသည် လူ့အဖွဲ့အစည်းတွင် လူထု အကြိုက်ဟောတက်ပြောတက်ပြီး ခေါင်းဆောင်နေရာကို ယူတတ်သောကြောင့် ဖြစ်သည်။ အမေရိကန် ခေါင်း ဆောင်များသည် Demagogue များ၏ စည်းရုံးသိမ်းသွင်းမှုကို ကြောက်သဖြင့် တိုက်ရိုက်ဒီမို ကရေစီကျင့်သုံးရန် မလိုလားခဲ့ခြင်းဖြစ်သည်။
‌၄။ ဒေသန္တရအုပ်ချုပ်ရေး၏ သဘောတရား။
ဒေသန္တရအုပ်ချုပ်ရေးစနစ်သည် အများအားဖြင့် အစိုးရအလွှာအမျိုးမျိုးကိုကျင့်သုံးသော ဖက်ဒရယ်တိုင်းပြည် များ အတွေ့များသည်။ ယနေ့ခေတ်တွင် ဖက်ဒရယ်တိုင်းပြည် မဟုတ်သော်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံး သည့် တပြည်ထောင်တိုင်းပြည်များတွင်လည်း တွေ့ရသည်။ ထို့အပြင် နယ်မြေကြီးမားပြီး စီမံအုပ်ချုပ်မှုစနစ် ကောင်းမွန်သည့် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်မဟုတ်သော တိုင်းပြည်များတွင်လည်း တွေ့ရသည်။ ဥပမာ- တရုတ်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံများတွင် ဒေသန္တရအုပ်ချုပ်ရေးစနစ်များကို စနစ်တကျ ဖော်ဆောင်နေသည်ကို တွေ့ရသည်။
ဒေသန္တရအုပ်ချုပ်ရေးဟုဆိုရာတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးသောတိုင်းပြည်နှင့် ကျင့်သုံးခြင်းမရှိသော တိုင်းပြည်များတွင်တွေ့ရသော အုပ်ချုပ်ရေးအာဏာတို့သည် ကွာခြားမှုရှိသည်။ ဥပမာ-အိန္ဒိယနိုင်ငံ၏ဒေသန္တရ အုပ်အုပ်ချုပ်ရေးပုံစံသည် ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံချက်ပေးထား သည်။
၅။ ဒီမိုက‌ရေစီစနစ်အပေါ်မိမိ၏အမြင်ကို ဆွေးနွေးတင်ပြခြင်း။
မိမိတို့တိုင်းပြည်တွင် ကျင့်သုံးရန်ပျက်ကွက်ခဲ့သော ဒီမိုကရေစီဆိုင်ရာ နိုင်ငံရေးစနစ်နှင့် အပြန်အလှန်ထိန်း ကျောင်းမှုဆိုင်ရာ ငြင်းခုံချက်တစ်ခုကို တင်ပြဆွေးနွေးလိုပါသည်။ မြန်မာနိုင်ငံအတွင်း အစိုးရကိုပုံစံနှစ်မျိုးဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။
(၁) ရွေးကောက်ခံအစိုးရ
(၂) ဗျူရိုကရေစီအစိုးရ ဟူ၍ဖြစ်သည်။
ဤတွင် ရွေးကောက်ခံအစိုးရကို ပြည်သူကရွေးကောက်တင်မြှောက်ခြင်းဖြစ်ပြီး ပြည်သူက ၎င်းတို့ကိုတိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိန်းကျောင်းနိုင်သည်။ ပြည်သူကမလိုအပ်လျှင် ဖြုတ်ချ နိုင်ခြေရှိသည်။ ထို့အပြင် ရွေးကောက်ခံအစိုးရများသည် တည်ဆဲဥပဒေများကို လိုက်နာရန်ပျက်ကွက်ခြင်း သို့မဟုတ် ပြည်သူနှင့်ကိုက်ညီမှုမရှိသောစီမံကိန်းကို အကောင်အထည်ဖော်ခြင်းများ လုပ်ဆောင်သောအခါ ဗျူရိုကရေစီအစိုးရများမှ အရေးယူရန် သို့မဟုတ် ထိန်းကျောင်းနိုင်ခြေရှိသည်။ သို့သော် ဗျူရိုကရေစီနည်းအရ တက်လာသော အရာရှိများ၊ အစုအဖွဲ့များကို ရွေးကောက်ခံကိုယ်စားလှယ်များမှ ထိန်းကျောင်းရန် သို့မဟုတ် ပြည်သူမှထိန်းကျောင်းရန် မည်သို့မျှမဖြစ်နိုင်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အမှန်တကယ်မည်သူ အုပ်ချုပ် သနည်းဟုဆိုလျှင်ဖြင့် ဗျူရိုကရေစီအစိုးရအဖွဲ့မှ အုပ်ချုပ်နေသည်ဟု ဆိုရပါမည်။ တနည်းအားဖြင့် ပြည်သူကို ဗျူရိုအဖွဲ့မှ ထိန်းကျောင်းနိုင်သကဲ့သို့ ရွေးကောက်ခံကိုယ်စားလှယ်များကိုလည်း ဗျူရိုကရေစီ အဖွဲ့မှ ထိန်း ကျောင်းနိုင်သည်။ သို့သော် ဗျူရိုကရေစီအစုအဖွဲ့များဖြစ်သော ပြည်သူ့ရဲ့တပ်ဖွဲ့၊ တပ်မတော်နှင့် နယ်ခြားစောင့် တပ်၊ ထွေအုပ်…စသော အစုအဖွဲ့များကို ပြည်သူနှင့် ရွေးကောက်ခံကိုယ်စားလှယ်တို့က ထိန်းကျောင်းနိုင်ခြင်း မရှိပေ။ ၎င်းစနစ်သည် တရုတ်နိုင်ငံကဲ့သို့ ဗျူရိုကရေစီစနစ်ဖြင့် တိုင်းပြည်တည်ဆောက်ရန် ကြိုးစားခြင်းသာ ဖြစ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသောအစိုးရတွင် နိုင်ငံရေးအာဏာမရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွင် ဤအချက်သည် မရှိမဖြစ်စဉ်းစားသင့်သည့် အချက်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခြင်းဖြစ်သည်။
၆။ ဖက်ဒရယ်စနစ်အပေါ်ဆွေးနွေးတင်ပြခြင်း။
ဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသော နိုင်ငံတည်ဆောက်ရေးလမ်းပြမြေပုံအဖြစ် ပြည်သူ အများစုက လက်ခံလာကြသည်။ သို့သော် မြန်မာနိုင်ငံ၏ ပြဿနာထောင်သောင်းများထဲတွင် ကိုလိုနီပြုခြင်းခံရ ခြင်းနှင့် ၎င်းကိုလိုနီစနစ်နောက်ကွယ်၏ ဆိုကျိုးများစွာကိုကြုံတွေ့ရခြင်း ဖြစ်သည်။
မိမိ၏အမြင်နှင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက်‌ရေးလုပ်ငန်းစဉ်
ယခင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် ပုံစံနှစ်မျိုးဖြစ်သော ဒေသကိုအခြေခံသောဖက်ဒရယ် လက္ခဏာနှင့် လူမျိုးကိုအခြေခံသောဖက်ဒရယ်လက္ခဏာ တို့ကိုတွေ့ရသည်။ တိုင်း ၇ တိုင်း သည်ဒေသကို အခြေခံ ပြီး ပြည်နယ် ၇ ခုသည် လူမျိုးကိုအခြေခံသည်။ ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု သည်လည်း လူမျိုးကို အခြေခံသည်။ သို့သော် လက်ရှိတော်လှန်ရေး ကာလတွင်တွေ့ရသော နိုင်ငံရေးယဉ်ကျေးမှုသည် လူမျိုးစုကို အခြေခံသော ဖက်ဒရယ်စနစ်ကျင့်သုံးလိုသော နိုင်ငံရေးအပြုအမူများကို တွေ့လာသည်။ ဥပမာ- ကယန်းအမျိုး သားပြည်နယ်၊ တအာင်းအမျိုးသားပြည်နယ်… စသည်ဖြင့် ပြည်နယ်အဆင့်ဖွဲ့စည်းမှုများကို တွေ့လာမည်။ ထို့အ ပြင် ဒေသန္တရအဆင့်တွင်လည်း မျိုးနွယ်စုကိုအခြေခံသော ဒေန္တရအုပ်ချုပ်ရေးပုံစံကို ဖော်ဆောင်မည်ကို တွေ့လာသည်။ ဥပမာ- ချင်းပြည်နယ်တွင် မရာ၊ လောက်တူ၊ ဆန်ထန်၊ ဒိုင်နှင့် ဇိုတုန်…စသော မျိုးနွယ်စုများကို အခြေခံသော ဒေန္တရအုပ်ချုပ်ရေးပုံစံကို တွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်သည် ပုံစံနှစ်မျိုးကို အခြေခံသော စနစ်ဖြင့်ကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးရခြင်း ဖြစ်သည်။
၇။ နိဂုံး
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ဗျူရိုကရေစီအစိုးရကို မည်သို့ ထိန်းကျောင်းရမည်၊ ပြည်သူကိုမည်သို့ထိန်းကျောင်းရမည်နှင့် ‌ရွေးကောက်ခံအစိုးရကိုမည်သို့ထိန်းကျောင်းရ မည်… စသည့် နည်းစနစ်များကိုဖန်တီးပြီး အပြန်အလှန်ထိန်းကျောင်းမှုစနစ်ကို ကျင့်သုံးရမည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်၏ ပြဿနာများကိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ ဒေသနှင့်ကိုက်ညီသော အုပ်ချုပ်ရေးစနစ်ကိုပြဋ္ဌာန်းရမည်။ တနည်းအားဖြင့် နိုင်ငံရေးအရကိုယ်ပိုင်ပြဋ္ဌာန်း ပိုင်ခွင့်နှင့် ယဉ်ကျေးမှုအရကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် နှစ်ခုစလုံးကို အားမခံပေးရမည်။ သို့မှသာ မြန်မာနိုင်ငံသည် ဒီမိုကရေစီ၏ အခြေခံစံတန်ဖိုးများကိုလိုက်နာပြီး သက်ဆိုင်ရာဒေသနှင့်ကိုက်ညီသော အုပ်ချုပ်ရေးအစုအဖွဲ့များ ပေါ်ပေါက်လာကာ တိုင်းပြည်၏ပြဿနာများကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြလိုက်ရပါသည်။
တင်ပြသူ- ဆလိုင်းပန်ဟိုက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်

Leave a Reply

Your email address will not be published. Required fields are marked *