CCPR က မြို့နယ်/ဒေသအုပ်ချုပ်ရေးအဖွဲ့များကို စွမ်းရည်မြှင့်သင်တန်းပို့ချ

CCPR က မြို့နယ်/ဒေသအုပ်ချုပ်ရေးအဖွဲ့များကို စွမ်းရည်မြှင့်သင်တန်းပို့ချ
ခိုနူမ်းသုန်သတင်း၊ ၁၂ နိုဝင်ဘာ ၂၀၂၄
Chin Centre for Peace and Reconciliation (CCPR) က ချင်းပြည်နယ်အတွင်းရှိ မြို့နယ်/ဒေသအုပ်ချုပ်ရေးအဖွဲ့များထံ အုပ်ချုပ်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်း ကျင်းပပြုလုပ်ပေးခဲ့သည်ဟုသိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းကို နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ချင်းပြည်လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး မြို့နယ်/ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ၁၅ ဖွဲ့မှ ကိုယ်စားလှယ် ၃၀ တက်ရောက်ခဲ့သည်ဟု သိရသည်။
ချင်းလဲန်း/ချင်းပြည်အတွင်း အုပ်ချုပ်ရေးယန္တယား ပိုမိုကောင်းမွန်ခိုင်မာစေရေး၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအားကောင်းစေရေးနှင့် စွမ်းဆောင်ရည်များ ပိုမိုပြည့်ဝလာစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု CCPR တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းသင်တန်းတွင် Conflict Resolution, Federal & Democracy, Leadership and Management, Local Governance System များကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အဓိကပို့ချခဲ့ကြသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *