စစ်ကောင်စီတပ်သားအချို့ ဖမ်းဆီးရမိကြောင်း CDF – Asho ထုတ်ပြန်
ဒီဇင်ဘာ ၂၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိကြောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ သတင်းထုတ်ပြန်သည်။
အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)မှ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၉၀ ခန့်ပါ စစ်ကြောင်း ၂ ကြောင်းကို အမ်း – ပဒါန်း လမ်းမအနီး ပျဉ်းဝစစ်ဆေးဂိတ် အနောက်ဘက်မီတာ ၁၅၀၀ ကျော်ခန့်ကနေ ပိတ်ဆို့တားဆီးခဲ့ရာ အသာတ ကြည်အဖမ်းဆီးခံသူများရှိသော်လည်း ကိုယ်လွတ်ထွက်ပြေးသူများလည်းရှိကြောင်း၊ လိုက်လံရှင်းလင်းရာတွင် ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ထပ်မံလက်ရ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်များစွာ သိမ်းဆည်းရရှိခဲ့ပြီး ထွက် ပြေးလွတ်မြောက်လျက်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များကို နယ်မြေရှင်းလင်းရှာဖွယ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။