၂၀၂၄ခုနှစ်အတွင်း ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသားစာရင်းကို PPNM ထုတ်ပြန်
ဒီဇင်ဘာ ၃၁၊ ၂၀၂၄။
၂၀၂၄ခုနှစ်အတွင်း ထောင်ပြောင်းရွေ့မှုအကြိမ်ရေ အနည်းဆုံး ၁၅ ကြိမ်ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၈၈၃ ဦး မိသားစုနှင့်အဝေးဆုံးထောင်များသို့ ထောင်ပြောင်းရွေ့ခြင်းခံခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီဇင်ဘာ ၃၁ ရက် ထုတ်ပြန်သည်။
အဆိုပါ ထောင်ပြောင်းရွှေ့မှုတွင် အကျဉ်းသားပေါင်း ၃၀၅၄ ဦး ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား ၁၈၈၃ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အကျဉ်းသား ၁၉ ဦးကိုလည်း စစ်တွေထောင်မှ ပုသိမ်ထောင်သို့ အောက်တိုဘာ လအတွင်းက ပြောင်းရွှေ့ခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် ခူမီးမီဒီယာက ဒီဇင်ဘာ ၆ ရက်နေ့က ဖော်ပြခဲ့သည်။