ချင်းအမျိုးသား နာမည်ကြီးစာရေးဆရာ တွာလ်ခဲင်းမန် ၏ ဝတ္တုတိုစုစည်းမှု ထွက်ရှိ

ချင်းအမျိုးသား နာမည်ကြီးစာရေးဆရာ တွာလ်ခဲင်းမန် ၏ ဝတ္တုတိုစုစည်းမှု ထွက်ရှိ

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၅။

“တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲ” ဟု အမည်ပေးထားသည့် ချင်းအမျိုးသား နာမည်ကြီး စာရေးဆရာတွာလ်ခဲင်းမန် ၏ ဝတ္တုတိုစုစည်းမှုစာအုပ်ကို နှစ်ကာလများစာပေတိုက်က ထုတ်ဝေကြောင်း ဇန်နဝါရီ ၂ ရက်နေ့တွင် စာပေတိုက်၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာသည်။

ဆရာတွာလ်ခင်းမန် ကို ကလေးမြို့ ၌ ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ တွန်းဇံမြို့နယ်၊ တွီးမွီရွာဇာတိဖြစ်သည်။  ချင်းဓလေ့ထုံမွမ်းသည့် တောင်ပေါ်ဒေသဖွဲ့ ဝတ္တုတိုမြောက်များစွာ ရေးသားခဲ့သည့် ဆရာတွာခဲင်းမန်သည် ၁၉၉၈ ခုနှစ်၊ ပဥ္စမအကြိမ် မိုးမိုး( အင်းလျား)အမှတ်တရ ဝတ္ထုတိုပြိုင်ပွဲ ပထမဆုနှင့် ဆရာဦးအောင်သင်း ကမကထပြု ရွေးချယ်ကျင်းပသည့် ဝတ္ထုတိုပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သူ ဖြစ်သည်။ သူသည် ခရစ်ယာန်စာပေနှင့် ပက်သက်သည့် ဝတ္တုတိုများနှင့် ကဗျာများစွာကိုလည်း ရေးသားခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ကွယ်လွန်သည်။

ယခုထုတ်ဝေသည့် ဝတ္တုတိုစုစည်းမှုစာအုပ်မှာ ဆရာတွလ်ခဲင်းမန်၏ လက်ရာကောင်းဝတ္တုတို ၁၁ ပုဒ်ကို စုစည်းထုတ်ဝေခြင်းဖြစ်ပြီး တစ်အုပ်ကို ၈၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်းနှင့် ဖုန်း -018255948, 09740979393 သို့လည်း ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

သတင်း- ခူသေ့

Leave a Reply

Your email address will not be published. Required fields are marked *