ဆရာ Ai John Lwin (Ai Lwin) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ပါဟန်း ပြည်နယ်၊ ကွန်တန်ရဲစခန်းမှ ရဲချုပ် Dato’ Mohd Yusri Binti Othman က ဂုဏ်ပြုလွှာပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆရာ Ai John Lwin (Ai Lwin) သည် ARC ရုံးတွင် မလေးရှားရောက် ချင်းဒုက္ခသည်များ၊ အလုပ်သမား များအပြင် အခြားမြန်မာနိုင်ငံရှိ တိုင်းသားများ အတွက် ဖမ်းဆီးခံကိစ္စများနှင့် တရားရုံးအမှုရင်ဆိုင်ရ သည့် ကိစ္စများအပေါ် ဘာသာပြန်အဖြစ် ၂၀၁၂ ခုနှစ်မှ ဇွန်လ၊၂၀၂၄ ခုနှစ် အထိ ဆယ်စုနှစ်တစ်ခု ကျော် ကျော် အောင်အောင်မြင်မြင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် အခြားလူမှုရေးကိစ္စများအပေါ်တွင်လည်း လိုက်ပါကူညီ ဆောင်ရွက်ပေးသူ တစ်ဦးဖြစ်သည်။
ယခု ခူမီးမီဒီယာမှ ဆရာ Ai John Lwin (Ai Lwin) ကို ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ခံရသည့်အကြောင်းနှင့် အခြားသိကောင်းစရာများအပေါ် မေးမြန်းထားချက်များကို ဖော်ပြပေးလိုက်ပါသည်။