လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပလက်ဝဒေသခံ ချင်းအမျိုးသားတစ်ဦး ပြန်လွတ်လာ

လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပလက်ဝဒေသခံ ချင်းအမျိုးသားတစ်ဦး ပြန်လွတ်လာ

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၅။

၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပလက်ဝဒေသခံ အိုက်ဘီယို့ (အသက် ၃၀ နှစ်) ပြန် လည်လွတ်လာကြောင်း နီးစပ်သူထံမှ သိရသည်။

အိုက်ဘီယို့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အိုးဘိုဝကျေးရွာမှဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် နေ့ မှော်ဘီမြို့မရဲစခန်းတွင် ရဲထောက်ခံစာလာယူစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။

ရဲစခန်းတွင် အိုက်ဘီယို့ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းကို စစ်ဆေးရာ ဆန္ဒပြသည့်မှတ်တမ်းဓါတ်ပုံများတွေ့ရသ ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ကျရောက်သည့် ၇၇ နှစ် မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကောင်စီက အကျဉ်းသား ၅၈၆၄ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်သာပါဝင်ကြောင်း PPNM က ပြောသည်။

သတင်း- ခူသေ့

Leave a Reply

Your email address will not be published. Required fields are marked *