မဏိပူရ် အင်ဖာထောင်မှ မြန်မာနိုင်ငံသား ၂၆ ဦးကို မြန်မာနိုင်ငံထံ ပြန်လွှဲပေး


မဏိပူရ် အင်ဖာထောင်မှ မြန်မာနိုင်ငံသား ၂၆ ဦးကို မြန်မာနိုင်ငံထံ ပြန်လွှဲပေး

ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၅။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ရှိ ဆာဂျီးဝါးအကျဥ်းထောင်မှ လွတ်မြောက်လာသည့် မြန်မာ နိုင်ငံသား ၂၆ ဦးကို အိန္ဒိယအာဏာပိုင်များက အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့မှတစ်ဆင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ဘက်ရှိ စစ်ကောင်စီတာဝန်ရှိသူများထံ ဇန်နဝါရီလ ၄ ရက်နေ့ လွှဲပြောင်းပေးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယခုလွတ်မြောက်လာသူများမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် တရားမဝင်နေထိုင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ်ခြောက်လ ချခံခဲ့ရခြင်းဖြစ်သော်လည်း ယခုပြန်လည် လွတ်မြောက်ချိန်အထိ ထောင်ထဲ၌ နှစ်နှစ်နှင့်ခြောက်လ နေထိုင်ခဲ့ရကြောင်း သိရသည်။

ထောင်မှပြန်လွှတ်ပေးမည့် စာရင်းတွင်ပါဝင်သော်လည်း မှတ်ပုံတင်နံပါတ်လွဲနေသဖြင့် တစ်ဦးကျန်ခဲ့ပြီး ရက်ကန်းအလုပ်သမ အမျိုးသမီး ၃၅ ဦး၊ ကလေး ၁၀ ဦးနှင့် စစ်ဘေးရှောင် ၅၀ ကျော် ဆက်လက်ချုပ် နှောင်ခံနေရဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *