သီရိပျံချီ ဦးထပ်လိုင်း ၂၀၂၅ ခုနှစ် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ချီးမြှင့်ခံရ
ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၅။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၊ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်၊ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းရာတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ သီရိပျံချီ ဦးထပ်လိုင်း ပါဝင်ကြောင်း သိရသည်။
အဆိုပါဆုတံဆိပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့်အတွက် ချီးမြှင့်အပ်နှင်းခြင်းဖြစ်ကြောင်း သိရသည်။
သီရိပျံချီ ဦးထပ်လိုင်းသည် ယခင်က သီရိပျံချီဘွဲ့တံဆိပ်နှင့် နိုင်ငံ့ဂုဏ်ရည်ပထမအဆင့် ဘွဲ့တံဆိပ် ချီးမြှင့်ခံရသူတစ်ဦးလည်းဖြစ်ပြီး ချင်းအမျိုးသား အထင်ကရနိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။
သတင်း- ခူသေ့