Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအခြေအနေနှင့် ရှေ့အလားအလာ

(၁)

အိန္ဒိယနှင့် မြန်မာတို့သည် ပထဝီအနေအထားအရ ကုန်းကြောင်းနယ်စပ်ချင်း ထိစပ်သည့်နိုင်ငံများဖြစ်သဖြင့် နှစ်နိုင်ငံလွတ်လပ်ရေးရရှိချိန်ကတည်းကပင် ကုန်သွယ်ဘက်နိုင်ငံများအဖြစ်တည်ရှိခဲ့ကြသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသများသည် မြန်မာနိုင်ငံအနောက်နှင့် အနောက်မြောက်ဘက်ဒေသများနှင့် ကူးလူးဆက်ဆံမှု  နှင့် ကုန်သွယ်မှုများဖြစ်ထွန်းခဲ့ကြသည်။ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း မြန်မာ နိုင်ငံတွင်းရှိ စီးပွားရေးပြိုဆင်းလာသည့်နည်းတူ မြန်မာ့ကုန်သွယ်ရေးကဏ္ဍသည်လည်း လျင်မြန်စွာကျဆင်းလာခဲ့သည်။[1] အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုသည် အထိုက်အလျောက် ဖြစ်ထွန်းလျှက်ရှိနေဆဲဟု ဆိုနိုင်လင့်ကစား နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၌ စိန်ခေါ်မှုများစွာ ဖြစ်ပေါ်လာခဲ့သည်။

(၂)

၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ပဥ္စမမြောက်ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး၊၂၀၂၁-၂၂ ဘဏ္ဍာနှစ် (မီနီဘတ်ဂျတ်) တွင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၈၁၅ သန်းရှိခဲ့သည်။[2] ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်လာခဲ့ပြီး၊ ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၈၃၉.၄၃ သန်း (၅.၇%) ဖြစ်သည်။[3] ထို့ပြင်မြန်မာနိုင်ငံသည် အိန္ဒိယအတွက် ဒုတိယအများဆုံး ပဲအမျိုးမျိုးတင်ပို့သည့်နိုင်ငံအဖြစ်ရပ်တည်ဆဲဖြစ်သည်။[4] အိန္ဒိယသည် မြန်မာနိုင်ငံတွင် ၁၁ ခုမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး၊ ဧပြီ၊ ၂၀၀၀ မှ မတ်၊ ၂၀၂၃ ထိကာလအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁.၇၃၆ ဘီလီယံ ဖြစ်သည်။[5]

The Observatory of Economic Complexity (OEC) မှပြုစုသည့်စာရင်းဇယားများ[6]အရ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာမှ အိန္ဒိယသို့တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၆၇၀ သန်း (ပဲမျိုးစုံ ၅၈.၈%၊ ပြောင်း ၁၁.၇%) နှင့် အိန္ဒိယမှ မြန်မာသို့တင်သွင်းသည့် သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၈၇၆ သန်း (ဆေးနှင့် ဆေးပစ္စည်းများ ၂၄.၉%၊ သံကြမ်း (၅.၁၇%) ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အိန္ဒိယသို့တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၈၆၈ သန်း (ပဲမျိုးစုံ ၇၀.၄%၊ သစ်အချောပြား ၄.၀၅%) နှင့် အိန္ဒိယမှတင်သွင်းသည့် သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၇၇၃ သန်း(ဆေးနှင့်ဆေးပစ္စည်းများ ၂၅.၉%၊ သွေး၊ ကာကွယ်ဆေးနှင့် အဆိပ်ဖြေဆေးများ ၁၁.၉%၊ ရေနံဓာတ်ငွေ့ ၃.၀၈%) ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယသို့တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၁.၀၈ ဘီလီယံ (ပဲအမျိုးမျိုး ၆၆.၆%၊ ကွမ်းသီး ၁၂.၂%၊ သစ်အချောပြား ၂.၉၇%) ဖြစ်ပြီး၊ အိန္ဒိယမှ တင်သွင်းသည့် သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၆၈၅ သန်း (ဆေးနှင့်ဆေးပစ္စည်းများ ၂၉.၄%၊ ယက္ကန်းချည် ၅.၃၆%၊ ရေနံဓာတ်ငွေ့ ၃.၃၃%၊ သွေး၊ ကာကွယ်ဆေးနှင့် အဆိပ်ဖြေဆေးများ ၃.၂၃%) အသီးသီးဖြစ်သည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့တင်ပို့သည့် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၅၄.၇၄ သန်း ရှိခဲ့ရာမှ၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၀၇ ဘီလီယံထိ တိုးတက်လာခဲ့ပါ သည်။[7] သို့သော်လည်း ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယမှ တင်သွင်းသည့် သွင်းကုန်တန်ဖိုးသည် ကန်ဒေါ်လာ ၈၇၇ သန်းရှိခဲ့ပြီး၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၆၇၀.၄ သန်းသို့ကျဆင်းခဲ့ပါသည်။[8]

နယ်စပ်ကုန်သွယ်ရေးမှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာ-စက်တင်ဘာ) တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂၀၁.၂၅ သန်း၊ ၂၀၁၉-၂၀ (အောက်တိုဘာ-စက်တင်ဘာ) တွင် ကန်ဒေါ်လာ ၉၂.၆၅ သန်းနှင့် ၂၀၂၀-၂၁ တွင် ကန်ဒေါ်လာ ၂၀၀.၅၅ သန်း အသီးသီးရှိခဲ့သော်လည်း၊ ၂၀၂၁-၂၂ (မီနီဘတ်ဂျတ်) (အောက်တိုဘာ-မတ်) တွင် ကန်ဒေါ်လာ ၈.၁၄၃ သန်းနှင့် ၂၀၂၂-၂၃ (ဧပြီ-သြဂုတ်) တွင် ကန်ဒေါ်လာ ၈.၂၇၂ သန်းသို့ ကျဆင်းသွားခဲ့ပါသည်။[9] လက်ရှိနယ်စပ်လုံခြုံရေး အခြေအနေများအရ ၂၀၂၃-၂၄ နှင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်များတွင်လည်း နယ်စပ်ကုန်သွယ်မှုအခြေအနေ ပိုမိုကျဆင်းနေသည့် အနေအထားတွင်ရှိကြောင်း တွေ့ရပါသည်။

(၃)

၂၁၊ ဇန်နဝါရီ ၁၉၉၄ တွင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးသဘောတူစာချူပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တမူး ကုန်သွယ်ရေးစခန်းကို ၁၂၊ ဧပြီ ၁၉၉၅ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၀၊ ဒီဇင်ဘာ ၂၀၀၃ တွင် ဖလမ်းမြို့နယ်ရှိ ရိဒ် (Rihkhawdar) ကိုနယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ ၁၂၊ ဧပြီ ၂၀၀၅ တွင် တမူးကို နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် လိုအပ်သည့်စုဖွဲ့မှုများပြုလုပ်ပြီး ဆောင်ရွက်ခဲ့သည်။ NLD အစိုးရလက်ထက်တွင် ထန်တလန်နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ရန်ပြင်ဆင်ခဲ့သော်လည်း မဆောင်ရွက်နိုင်ခဲ့ပါ။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ယန္တရားအဖြစ် နှစ်နိုင်ငံဝန်ကြီးများအဆင့် ပူးတွဲကုန်သွယ်ရေး ကော်မတီ (Joint Trade Committee -JTC) (၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်း) နှင့် နှစ်နိုင်ငံ တွဲဖက်အတွင်းဝန်များအဆင့် နယ်စပ်ကုန်သွယ်ရေးကော်မတီ (Border Trade Committee -BTC) တို့ရှိသည်။[10] ပူးတွဲကုန်သွယ်ရေးကော်မတီ၏ ၇ ကြိမ်မြောက် အစည်းအဝေးကို ၂၄၊ နိုဝင်ဘာ ၂၀၂၀ တွင်ကျင်းပပြုလုပ်ခဲ့ပြီး၊ ၈ ကြိမ်မြောက် အစည်း အဝေးကို နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ရန်လျာထားပါသည်။ ယင်းအစည်းအဝေးသို့ စစ်ကောင်စီ၏ ကုန်သွယ် ရေးဝန်ကြီးတက်ရောက်မည်ဖြစ်ကြောင်း သိရှိထားပါသည်။ နယ်စပ်ကုန်သွယ်ရေး ကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ဒီဇင်ဘာ၊ ၂၀၁၄ တွင် နယူးဒေလီမြို့၌ကျင်းပပြုလုပ်ခဲ့ပြီး၊ စတုတ္ထအကြိမ် အစည်းအဝေးကိုမူ ကျင်းပနိုင်ခြင်း မရှိသေးပါ။

မေလ၊ ၂၀၁၂ တွင် နယ်စပ်စျေးများ (Border Haats) အကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ကြပြီး၊ နှစ်နိုင်ငံ တွဲဖက်အတွင်းဝန်များအဆင့် နယ်စပ်စျေးများကော်မတီ (Border Haats Committee) ကို ဖွဲ့စည်းခဲ့ပါသည်။ တတိယအကြိမ် နယ်စပ်စျေးများကော်မတီအစည်းအဝေးကို ဇွန်၊ ၂၀၁၈ တွင် ကျင်းပခဲ့ပြီး၊ ပန်ဆောင်တောင်ကြား (အရူနာချာလ်ပရာဒက်)၊ New Somtal (Manipur/ တွန်းဇံ) Avakhung (Nagaland/ လေရှီးမြို့နယ်) တို့တွင် နယ်စပ်စျေးများဖွင့်လှစ်သွားရန် သဘောတူခဲ့ကြသည်။[11]

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) ၏ မှတ်တမ်းအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် ထိစပ်ပြည်နယ်အသီးသီးက နယ်စပ်စျေးအဖြစ်ဖော်ဆောင်ရန် အဆိုပြုထားသည့် နေရာ ၁၅ ခုရှိကြောင်း သိရှိရသည်။[12] သို့ရာတွင် ယင်းအဆိုပြု စျေးနေရာများကို ယခုချိန်ထိ အိန္ဒိယအစိုးရက တရားဝင်အသိ အမှတ်ပြုနိုင်ခြင်း မရှိသေးပါ။[13] လက်ရှိတွင် နှစ်နိုင်ငံသဘောတူထားပြီးသော ကုန်းကြောင်းစစ်ဆေးရေးဂိတ် (Land Check Post-LCP) သုံးခုရှိသည်။ ၎င်းတို့မှာ မိုရေး (Moreh) (မဏိပူရ်)၊ ဇိုခေါထာရ် (Zokhawthar) (မီဇိုရမ်) နှင့် ဇိုရင်းပွီး (Zorinpui) (မီဇိုရမ်) တို့ဖြစ်သည်။[14]

၂၀၂၂ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီသည် နယ်စပ်စျေးများဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်း (Mode of Operation-MOO) ကို အပြီးသတ်ဆွေးနွေးနိုင်ရန် အိန္ဒိယဘက်သို့အဆိုပြုခဲ့ ပါသည်။ နယ်စပ်စျေး တရားဝင်ဖွင့်လှစ်နိုင်ရေးဆိုလျှင် နယ်စပ်စီမံခန့်ခွဲမှုအတွက် စီမံမှုများဆောင်ရွက်ထားနိုင်ရန် လိုအပ်ပါသည်။ ယင်းတို့အနက်တစ်ခုမှာ ပူးပေါင်းစစ်ဆေးရေးဂိတ် (Integrated Check Post-ICP) ဖြစ်ပါသည်။ ယခုချိန်အထိ အိန္ဒိယနိုင်ငံသည် မြန်မာ-အိန္ဒိယ နယ်နိမိတ်တလျှောက် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိနိုင်သည်မှာ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ (၁၅၊ မတ် ၂၀၁၈ တွင်ဖွင့်လှစ်) တစ်ခုတည်းသာရှိသေးသည်။[15] ထို့ကြောင့်လက်ရှိ အခြေအနေမှာ အဆိုပြု နယ်စပ်စျေးသစ်များအတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ထားရှိနိုင်ခြင်း မရှိသေးပါ။

 (၄)

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနောက်နှင့်အနောက်မြောက်ဒေသများတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ၏ ထိန်းချုပ်နယ်မြေများ တိုးတက်လာခဲ့သည်။ ၁၄၊ ဇန်နဝါရီ ၂၀၂၄ တွင် အာရက္ခတပ်တော်သည် ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းယူခဲ့ပြီး၊ အိန္ဒိယ၏ စီမံကိန်းဖြစ်သော ကုလားတန်ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်း (KMMTTP) နယ်မြေကို ထိန်းချုပ်နိုင်ခဲ့ပါသည်။ ထို့အတူ ၁၃၊ နိုဝင်ဘာ ၂၀၂၄ ရက်တွင် ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး ဦးဆောင်သည့် ချင်းတော်လှန်ရေးအဖွဲ့များက သိမ်းယူခဲ့ပြီး ရိခေါဒါရ် နယ်စပ်ကုန်သွယ်ရေးစခန်းကို ထိန်းချုပ်နိုင်ခဲ့ပါသည်။ ထို့ပြင် ချင်းပြည်နယ်အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ်တလျှောက်ရှိမြို့ များဖြစ်သော ကျီခါးမြို့၊ တွန်းဇန်၊ ထန်တလန်၊ လိုင်လင်းပီ…စသည့် မြို့များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းရှိ ခမ်းပတ်မြို့ကိုလည်းကောင်း တော်လှန်ရေးအဖွဲ့များက သိမ်းယူထိန်းချုပ်ပြီးဖြစ်သကဲ့သို့၊ တမူး-ကလေးလမ်းမတလျှောက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည့်အနေအထားဖြစ်ရာ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတစ်ခုလုံးနီးပါးသည် တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် တရားဝင်နယ်စပ်ကုန်သွယ်မှု (formal trade) သည် သိသာထင်ရှားစွာ ရပ်ဆိုင်းလုနီးပါးဖြစ်သွားခဲ့ပြီဖြစ်သော်လည်း၊ ဒေသနည်း ဒေသဟန်ဖြင့်ကုန်သွယ်မှု (informal trade) မှာ နေရာအတော်များများတွင် ဖြစ်ထွန်းဆဲ ရှိနေသည်။[16] Chinland Council အနေဖြင့် ရိခေါဒါရ်နယ်စပ် ကုန်သွယ်ရေးစခန်းကို ပြန်လည်လည်ပတ်နိုင်ရန် နည်းလမ်းရှာဖွေလျှက်ရှိကြောင်း သိရသည်။[17] ထို့အတူ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နယ်စပ် ဇိုရင်းပွီးကိုအသုံးပြု၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်ရည်ရွယ်ထားကြောင်း သိရှိရသည်။[18]

သို့ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် နှစ်နိုင်ငံနယ်စပ်တလျှောက် နယ်စပ်ကုန်သွယ်ရေးကို အစပျိုးနိုင်ရန်ကြိုးစားကြသော်လည်း၊ ၎င်းတို့၏ထိန်းချုပ်နယ်မြေအတွင်း ဒေသနည်း ဒေသဟန်ကုန်သွယ်မှုများကိုအခွန် ကောက်ခြင်း၊ ဖြတ်သန်းခွန်များစည်းကြပ်ခြင်း…စသည်တို့မှတစ်ပါး တရားဝင်ကုန်သွယ်မှု ဖြစ်မြောက်နိုင်ရေးအတွက် ပံ့ပိုးသော (trade facilitation) ယန္တရားများတည်ဆောက်နိုင်ခြင်း မတွေ့ရသေးပါ။

တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် တရားဝင် နယ်စပ်ကုန်သွယ်ရေးယန္တရားများကို ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။ စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့် ပို့ကုန်/သွင်းကုန်လိုင်စင်ထုတ်ပေးခြင်း၊ စီးပွားရေးအသင်းအဖွဲ့များကို အသိအမှတ်ပြုခြင်းနှင့် ကုန်စည်များအတွက် ထောက်ခံချက်ပေးခြင်း၊ သွင်းကုန်များအတွက် နိုင်ငံခြားငွေလှဲလှယ်နိုင်ရန် ဘဏ်များကိုအသုံးပြုခြင်း၊ ပို့ကုန်ခွန်အတွက် ဘဏ်များနှင့်ချိတ် ဆက် ဆောင်ရွက်ခြင်း စသည်တို့အပါအဝင် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုလုပ်ငန်းအတွက် လိုအပ်သည့်ယန္တရားများကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။[19] ထို့ကြောင့် စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် လမ်းကြောင်းများကို လက်လွှတ်ရသော်လည်း တရားဝင်ကုန်သွယ်ရေးမှ အမြတ်အစွန်းများကို လက်လှမ်းမီနိုင်ဆဲ ဖြစ်သည်။

ယခုအချိန်ထိ စစ်ကောင်စီသည် အိန္ဒိယနှင့် နှစ်နိုင်ငံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးကို အသားပေးဆောင်ရွက်လျှက်ရှိသည်ကို တွေ့ရသည်။ စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး ကံဇော်နှင့် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal တို့သည် လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့တွင်ပြုလုပ်သည့် ၁၂ ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း ၂၁၊ စက်တင်ဘာ ၂၀၂၄ ရက်နေ့တွင် လူချင်းတွေ့ဆုံခဲ့ပြီး၊ ရူပီးနှင့်ကျပ်ငွေ အသုံးပြု၍ နှစ်နိုင်ငံကုန်သွယ်ရေးကို မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။[20] ထို့ပြင် ထိုအစည်းအဝေး၌ပင် ပဲအမျိုးမျိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ လျှပ်စစ်မော်တော် ကားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြသေးသည်။

အမှန်စင်စစ် နယ်စပ်ကုန်သွယ်ရေးသည် နိုင်ငံတကာကုန်သွယ်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ နိုင်ငံတကာ ကုန်သွယ်ရေးဆိုသည်မှာ နိုင်ငံကိုအခြေခံသည့်စနစ်ဖြစ်ရာ တဖက်နိုင်ငံက တရားဝင်လက်မခံလျှင် ယင်းကုန်သွယ်မှုများသည် တရားမဝင်ကုန်သွယ်မှုမျိုးသာဖြစ်နေခဲ့ ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံက တော်လှန်ရေး အဖွဲ့အစည်းများကို နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းစဥ်များအတွက် တရားဝင်စီမံဆောင်ရွက်ပိုင်ခွင့်ရှိသည့် အာဏာပိုင်များအဖြစ် လက်ခံမှုမပြုမချင်း လက်ရှိမြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးသည် ဒေသနည်း ဒေသဟန်ဖြင့်ဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေးမျိုးသာ ဖြစ်နေပါလိမ့်မည်။

(၅)

တရားဝင်နယ်စပ်ကုန်သွယ်မှုယန္တရား ပြိုလဲသွားလျှင် ဒေသခံပြည်သူများအတွက် မလိုလားအပ်သော ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေနိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။ အထူးသဖြင့် ကုန်စည်စီးဆင်းရာတွင် အပိုကုန်ကျမှုများကြောင့် စားသုံးသူများအနေဖြင့် ကုန်စျေးနှုန်းကြီးမားခြင်း ကြုံတွေ့နိုင်သည်။ ထို့ပြင် ကုန်ပစ္စည်းအရည်အသွေးကို စနစ်တကျစစ်ဆေးနိုင်ခြင်း မရှိသောကြောင့် အရည်အသွေး မပြည့်မီသောကုန်ပစ္စည်းများ၊ ရက်လွန်စားသုံးကုန်များ…စသည်တို့ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါ။ ထို့ပြင် မူးယစ်ဆေးဝါး၊ တောရိုင်းတိရိစ္တာန်များအပါအဝင် တရားမဝင်ကုန်သွယ်ဖောက်ကားမှုများကြောင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာ-အိန္ဒိယနယ်စပ်၌ မူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြုးမှု ကြီးမားလျှက်ရှိသည်။

တစ်ဖက်တွင်လည်း တရားဝင်ကုန်သွယ်မှု မဟုတ်သော်လည်း၊ ဒေသနည်း ဒေသဟန်ကုန်သွယ်မှုများတည်ရှိနေခြင်းအားဖြင့် ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများကို ဆက်လက်ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် တော်လှန်ရေးအဖွဲ့အစည်းများအတွက်လည်း အခွန်ရရှိနိုင်ပါသည်။ သို့သော် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် စနစ်တကျကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းမရှိလျှင်၊ အခွန်လေလွင့်မှုများ၊ မတန်တဆ နိုင်ထက် စီးနင်း အခွန်စည်းကြပ်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်၍ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမူဝါဒနှင့် စည်းမျဥ်းလုပ်ထုံးများ စနစ်တကျရေးဆွဲချမှတ်ပြီး လိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်ပါမည်။

မည်သို့ပင်ဖြစ်စေ၊ လက်ရှိအချိန်တွင် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးသည် ဒေသနည်းဒေသဟန်ဖြင့် ဆောင်ရွက်ရမည့် အနေအထားမျိုးဖြစ်ရာ စိန်ခေါ်မှုများရှိလင့်ကစား၊ အခွင့်အလမ်းအဖြစ်ပြောင်းလဲဖန်တီးပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

Reference:

Bissinger, Jared., “Myanmar’s Trade takes a turn for the worse,” Fulcrum – Analysis on southeast Asia, July 23, 2024. [https://fulcrum.sg/myanmars-trade-takes-a-turn-for-the-worse/]

Bissinger, Jared., “Resistance and the Future of Border Trade: Challenges and Opportunities,” Trends in Southeast Asia, Yusof Ishak Institute, Issue 11, 2024. P. 7. [https://www.iseas.edu.sg/wp-content/uploads/2024/04/TRS11_24.pdf]

Burma/India, OEC Data. [https://oec.world/en/profile/bilateral-country/mmr/partner/ind?redirect=true&dynamicBilateralTradeSelector=year2022]

Embassy of India, Yangon, “Bilateral Economic and Commercial Brief,” November 10, 2022. [https://embassyofindiayangon.gov.in/public_files/assets/pdf/Bilateral_Economic_Commercial_Brief_10Nov2022.pdf]

ET Online, “India-Myanmar bilateral trade may rise significantly once rupee trade settlement mechanism is established: EEPC”, The Economic Times, June 12, 2023. [https://economictimes.indiatimes.com/small-biz/trade/exports/insights/india-myanmar-bilateral-trade-may-rise-significantly-once-rupee-trade-settlement-mechanism-is-established-eepc/articleshow/100933839.cms]

Kuame, Chiraibe., “Cross Border Trade in Northeast India: Critical Analysis,” International Journal of Research in Engineering, Science and Management, Vol 5, Issue 4. April 2022. [https://journal.ijresm.com/index.php/ijresm/article/view/1945/1885]

Ministry of Home Affairs, “ICP List as on 31.01.2024,”. Accessed on December 12, 2024. [https://www.mha.gov.in/sites/default/files/2024-03/ICPList_05032024..pdf]

Ministry of Home Affairs, “Integrated Check Posts at International Land Borders,” PIB Delhi, July 27, 2022. [https://pib.gov.in/PressReleaseIframePage.aspx?PRID=1845440]

Press Trust of India, “India, Myanmar discuss ways for bilateral trade through local currencies,” Business Standard, September 21, 2024. [https://www.business-standard.com/economy/news/india-myanmar-discuss-ways-for-bilateral-trade-through-local-currencies-124092100683_1.html]

Press Trust of India, “India, Myanmar discuss ways for bilateral trade through local currencies,” Business Standard, September 21, 2024. [https://www.business-standard.com/economy/news/india-myanmar-discuss-ways-for-bilateral-trade-through-local-currencies-124092100683_1.html]

Trading Economics, “Myanmar Exports by Country”, Accessed on December 11, 2024. [https://tradingeconomics.com/myanmar/exports-by-country]

WITS, “Myanmar Trade: Trade Summary for Myanmar 2022”, World Integrated Trade Solution,” Accessed on December 11, 2024. [https://wits.worldbank.org/CountrySnapshot/en/MMR]

 

[1] Jared Bissinger, “Myanmar’s Trade takes a turn for the worse,” Fulcrum – Analysis on southeast Asia, July 23, 2024. [https://fulcrum.sg/myanmars-trade-takes-a-turn-for-the-worse/]

[2] WITS, “Myanmar Trade: Trade Summary for Myanmar 2022”, World Integrated Trade Solution,” Accessed on December 11, 2024. [https://wits.worldbank.org/CountrySnapshot/en/MMR]

[3] Trading Economics, “Myanmar Exports by Country”, Accessed on December 11, 2024. [https://tradingeconomics.com/myanmar/exports-by-country]

[4] Embassy of India, Yangon, “Bilateral Economic and Commercial Brief,” November 10, 2022. P.1. [https://embassyofindiayangon.gov.in/public_files/assets/pdf/Bilateral_Economic_Commercial_Brief_10Nov2022.pdf]

[5] ET Online, “India-Myanmar bilateral trade may rise significantly once rupee trade settlement mechanism is established: EEPC”, The Economic Times, June 12, 2023. [https://economictimes.indiatimes.com/small-biz/trade/exports/insights/india-myanmar-bilateral-trade-may-rise-significantly-once-rupee-trade-settlement-mechanism-is-established-eepc/articleshow/100933839.cms]

[6] Burma/India, OEC Data. [https://oec.world/en/profile/bilateral-country/mmr/partner/ind?redirect=true&dynamicBilateralTradeSelector=year2022]

[7] Press Trust of India, “India, Myanmar discuss ways for bilateral trade through local currencies,” Business Standard, September 21, 2024. [https://www.business-standard.com/economy/news/india-myanmar-discuss-ways-for-bilateral-trade-through-local-currencies-124092100683_1.html]

[8] Ibid.

[9] Embassy of India, Yangon. P.7.

[10] Embassy of India, Yangon. P.2.

[11] Embassy of India, Yangon. P.2.

[12] Chiraibe Kuame, “Cross Border Trade in Northeast India: Critical Analysis,” International Journal of Research in Engineering, Science and Management, Vol 5, Issue 4. April 2022. p. 79. [https://journal.ijresm.com/index.php/ijresm/article/view/1945/1885]

[13] Ibid.

[14] Ministry of Home Affairs, “ICP List as on 31.01.2024,”. Accessed on December 12, 2024. [https://www.mha.gov.in/sites/default/files/2024-03/ICPList_05032024..pdf]

[15] Ministry of Home Affairs, “Integrated Check Posts at International Land Borders,” PIB Delhi, July 27, 2022. [https://pib.gov.in/PressReleaseIframePage.aspx?PRID=1845440]

[16] Jared Bissinger, “Resistance and the Future of Border Trade: Challenges and Opportunities,” Trends in Southeast Asia, Yusof Ishak Institute, Issue 11, 2024. P. 7. [https://www.iseas.edu.sg/wp-content/uploads/2024/04/TRS11_24.pdf]

[17] Source: Chinland Council, December 12, 2024.

[18] Source: ULA/AA, December 10, 2024.

[19] Jared Bissinger, “Resistance and the Future of Border Trade: Challenges and Opportunities”, p. 8.

[20] Press Trust of India, “India, Myanmar discuss ways for bilateral trade through local currencies,” Business Standard, September 21, 2024. [https://www.business-standard.com/economy/news/india-myanmar-discuss-ways-for-bilateral-trade-through-local-currencies-124092100683_1.html]

Leave a Reply

Your email address will not be published. Required fields are marked *