ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ ဗုံးကြဲခံရမှု ရှုတ်ချကြောင်း CHRO ထုတ်ပြန်
ဇန်နဝါရီလ ၁၀ ရက်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို ဇန်နဝါရီလ ၈ ရက်နေ့ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိမှုအပေါ် ရက်စက်ကြမ်း ကြုတ်သည့် လေကြောင်းတိုက်ခိုက်ဖြစ်ပြီး ပြတ်ပြတ်သားသားရှုတ်ချကြောင်း ဇန်နဝါရီ ၁၀ ရက်နေ့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကထုတ်ပြန်သည်။
အရပ်သားပြည်သူ ၄၀ ဦးအထိသေဆုံးပြီး ဒါဇင်နှင့်ချီဒဏ်ရာရစေသည့် တိုက်ခိုက်မှုသည် စစ်သားနှင့် အရပ်သားများကို မခွဲခြားတော့သည့် စစ်အာဏာရှင်၏ အကြမ်းဖက်မှုများ၏ နောက်ထပ်ထင်ရှားသည့် အရာဖြစ်ကြောင်း၊ ယခု သေဆုံးသွားသူများနှင့်အတူ အလေးနက်ဆုံးထပ်တူဝမ်းနည်းရပြီး ဤရက်စက် မှုဒဏ်ခံရသူအားနှင့်အတူ စည်းလုံးညီညွတ်စွာ အပြည့်အ၀ရပ်တည်ပါကြောင်း ထုတ်ပြန်သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့အနေဖြင့် လွန်ခဲ့သည့်လေးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်က ချင်းပြည် အတွင်း အရပ်သားများကို ပစ်မှတ်ထားပြီး သီးခြားလေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ နီးပါးပြု လုပ်ခဲ့ပြီး ချင်းအရပ်သား ၁၁၆ ဦးသေဆုံးကာ ၂၄၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
သတင်း- ခူသေ့