အကြမ်းဖက်စစ်ကောင်စီမှ ဆမီးမြို့ကို ဗုံးကြဲ
ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၅။
အကြမ်းစစ်ကောင်စီမှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၁၂ နာရီ ကျော်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမှတ် (၂)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
“ဗုံးကြဲတာ ဟုတ်ပါတယ်၊ လူအသေအပျောက်ကတော့ မသိရသေးဘူး၊ ညသန်းခေါင် ၁၂ နာရီကျော်မှာ ဖြစ်သွားတာ၊ ထွေအုပ်ရုံးကတော့ ဒီမနက်အထိမီးလောင်နေတယ်လို့ ပြောတယ်၊ ဒီမနက်တော့ ဆမီးဘက်ဖုန်းဆက်သွယ်လို့ မရသေးဘူး…” ဟု နီးစပ်သူများက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း အရပ်သားပစ်မှတ်များကို အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး အာဏာသိမ်း လေးနှစ်တာကာလအတွင်း ချင်းပြည်နယ် နေရာအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၆၀ ခန့် ပြုလုပ်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် CHRO က ထုတ်ပြန်ထားသည်။
သတင်း- ဆလိုင်းခူသေ့