CDF-မတူပီ တပ်မဟာ – ၂ မှ ချင်းပြည်အတွက် အသက်ပေးသွားသည့် ရဲဘော်များအတွက် သတိရအောက်မေ့ ဖွယ် အခမ်းအနား ပြုလုပ်
ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၅။
CDF – မတူပီ၊ တပ်မဟာ – ၂၊ တပ်ရင်း – ၃ မှ တော်လှန်ရေးကာလ ၄ နှစ်အတွင်း ချင်းပြည်အတွက် အသက်ပေးသွားသည့် ရဲဘော်များအား သတိရအောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပ ကြောင်း သိရသည်။
တပ်မဟာ – ၂၊ တပ်ရင်း – ၃ မှ တော်လှန်ရေးကာလအတွင်းကျဆုံးသွားသည်မှာ ရဲဘော် ၅ ဦးရှိပြီး မိမိတို့ ချင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးသွားကြသော ရဲဘော်များကို လေးစားအသိအမှတ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကို ရုံးဌာနများနှင့် ပြည်သူများအားလုံးအတွက် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကျင်းပ ပေးသွားခြင်း ဖြစ်ကြောင်းသိရသည်။
တော်လှန်ရေးကာလအတွင်း CDF – မတူပီ၊ တပ်မဟာ – ၂ ရှိ တပ်ရင်း – ၂၊ ၃၊ ၄၊ ၆ အသီးသီးတွင် ကျဆုံးရဲဘော် ၃၀ နီးပါးရှိကာ ကိုယ်အင်္ဂါစွန့်လွှတ်ပေးလှူခဲ့ရသည့် ရဲဘော်များလည်းရှိကြပြီး တပ်ရင်း – ၃ သည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ- ပလက်ဝ ကားလမ်းမနှင့် မတူပီ – လိုင်လင်းပီ ကားလမ်းမတလျှောက်တွင် စစ်ရေးလှုပ်ရှားသည်ဟု သိရသည်။
သတင်း – James Roe