တီးတိန်မြို့သိမ်းတိုက်ပွဲအရေး တော်လှန်ရေးအင်အားစုနှစ်ဖွဲ့ အသီးသီးထုတ်ပြန်
ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နိုင်ရေး တော်လှန်ရေးအင်အားစုနှစ်ဖွဲ့ဖြစ်သည့် PDA-Tedimနှင့် ZFU တို့က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်သည်ကို တွေ့ရသည်။
တီးတိန်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ချေမှုန်းနေသည့် တော်လှန်ရေးအဖွဲ့ အဖြစ် PDA-Tedim, PDF-Zoland, CDM-Siyin, Hualngoram-CDF နှင့် ZRA-EC စသည့် တော်လှန်ရေးတပ်ဖွဲ့ငါးဖွဲ့ရှိပြီး တီတိန်မြို့သိမ်းတိုက်ပွဲကို PDA-Tedim မှ တိုက်ပွဲဖော်ဆောင်မည်ဖြစ်ကြောင်းနှင့် မည်သည့်တော်လှန်ရေးတပ်ဖွဲ့မဆို လာရောက်ပူးပေါင်းနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး Zomi Federal Union-ZFU ကလည်း တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်သည့် မည်သည့်အဖွဲ့ကိုမဆို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှာ ချင်းပြည်ကောင်စီ-ChinLand Council-CC အင်အားစုနှင့် ကြားကာလချင်းအမျိုးသားရေးရာအတိုင်ပင်ခံကောင်စီ-Interiem Chin Affair Consultative Council-ICNCC အင်အားစုဟူ၍ နှစ်ဖွဲ့အားပြိုင်နေခြင်း ဖြစ်သည်။
သတင်း – James Roe