CB-Chin Brotherhood စစ်ဆင်ရေးကို မနှောင့်ယှက်ရန် ချင်းလဲန်းကောင်စီထံ အိတ်ဖွင့်ပေးစာပို့
ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခြင်းမပြုရန် ချင်းလဲန်းကောင်စီ ဥက္ကဋ္ဌ ထံလိပ်မူပြီး CB-Chin Brotherhood က ဇန်နဝါရီ ၁၅ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ကြောင်း လူမှုကွန်ရက်စာမျက်များနှာတွင် တွေ့ရသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် CB-Chin Brotherhood ၏ စစ်ဆင်ရေးကို နှောင့်ယှက်ခြင်းမပြုရန်နှင့် တီးတိန်မြို့နယ် ပြည်သူများကလည်း CB-Chin Brotherhood ၏ စစ်ရေးလှုပ်ရှားမှုကလွဲပြီး အခြားအဖွဲ့ အစည်းများ၏ စစ်ရေးလှုပ်ရှားမှုများကို မလိုလားကြောင်း ဖော်ပြပါရှိသည်။
ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီနှင့် CB-Chin Brotherhood ဆိုသည့် စစ်အင်အားစုဖွဲ့မှုဖြင့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။
သတင်း- ဆလိုင်းခူသေ့