ကလေးမြို့မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်း စော်ဘွားရေရှင်ကျေးရွာအနီး ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နံနက် ၇ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံတချို့ သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ကလေးမြို့ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲခံရခြင်းအပေါ်တွင် ဒေသခံများသည် ဗုံးကျရောက်သည့် နေရာအတိအကျကို လုံခြုံရေးအရ ပြော၍မရကြောင်းနှင့် စော်ဘွားရေရှင်ကျေးရွာ အနီးအနားဟု ဖော်ပြရန်သာ အဆင်ပြေကြောင်းနှင့် အတိအကျကို မသိရှိရသေးသော်လည်း အထိအခိုက် အသေအဆုံးများကြောင်း ဒေသခံတစ်ဦးထံမှ ကနဦးသတင်းအရ သိရသည်။
စစ်ကိုင်တိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူများကို အဓိကပစ်မှတ်ထားကာ ယခုရက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ ၁၆ ရက် ည ၈ နာရီခွဲခန့်တွင် ခမ်းပါတ်နှင့် ကနန်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
သတင်း – James Roe
သတင်းဓတ်ပုံ- ပုံဟောင်း