မာတင်လူသာကင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ချင်းအမျိုးသား Elaisa Vahnie ချီးမြှင့် ခံရ
ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀၂၅။
နိုင်ငံတကာလူ့အခွင့်အရေးဆုတစ်ခုဖြစ်သည့် မာတင်လူသာကင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု၊ ချင်းအမျိုးသား Elaisa Vahnie၊ ဇန်နဝါရီ ၁၈ ရက်နေ့က ချီးမြှင့်ခံရသည်။
အဆိုပါဆုကို အမေရိကန်ပြည်ထောင်စုတွင် အသားအရောင်ခွဲခြားမှုကို တိုက်ပွဲဝင်ခဲ့သူ ဒေါက်တာမာတင်လူသာကင်း (Martin Luther King၊ Jr. ) ကို ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်ပြီး သူ၏မွေးနေ့မွေးလ၊ ဇန်နဝါရီလ တတိယပတ် တနင်္လာနေ့ကိုလည်း Martin Luther King နေ့အဖြစ် သတ်မှတ်ထား သည်။
၂၀၂၅ ခုနှစ်အတွက် ယခုချီးမြှင့်ခံရသည့် ချင်းအမျိုးသား Elaisa Vahnie (အီလိုင်ဇာဗာနီ )မှာ Burmese American Community Institute (BACI) ကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာတစ်ဦးလည်းဖြစ်ပြီး BACI သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၁၉၈၈ အရေးအခင်းနောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် နယ်စပ်များတွင် ထွက်ပြေးခိုလှုံနေသူများ နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းဆောင်ရွက်ပေးသည့်အပြင် အမေရိကန်ပြည်ထောင်စုရှိ မြန်မာအသိုင်းအ၀ိုင်းကို ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပံ့ပိုးကူညီမှုပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
သတင်း- ဆလိုင်းခူသေ့