၄၇ ယောက်မြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းကျိန်

 

၄၇ ယောက်မြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းကျိန်

ဇန်နဝါရီလ ၂၁ ရက်၊၂၀၂၅။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမေရိကန်သမ္မသစ် ဒေါ်နယ်ထရမ့် ဇန်နဝါရီ ၂၀ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပခဲ့ပြီး သူ၏ပထမဆုံးမိန့်ခွန်းတွင် အမေရိကန်ပဓာနဆိုသည့် အယူအဆကို အခြေခံပြီး အမေရိကန် ရွှေခေတ်ပြန်ရောက်ရမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မည့်မူဝါဒ၊ အမေရိကန်တွင် ကျားနှင့်မ သာရှိရမည့် မူဝါဒ၊ ရာဇဝတ်မှု ကျူးလွန်သူ နိုင်ငံခြားသားတွေကို နေရပ်ချက်ခြင်းပြန်ပို့မည့်မူဝါဒ…စသည်တို့ကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားသွားသည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်ဒုသမ္မတတက်ရောက်ခဲ့ပြီး အမေရိကန် သမ္မတဟောင်းများနှင့် အမေရိကန် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့သည်။
ဒေါ်နယ်ထရမ့်သည့် အမေရိကန်သမိုင်းတွင် ၄၅ ယောက်မြောက်နှင့် ၄၇ ယောက်မြောက်အရွေးခံရသည့် သမ္မတတစ်ဦးဖြစ်သည်။

သတင်း- ဆလိုင်းခူသေ့

Leave a Reply

Your email address will not be published. Required fields are marked *