CDF-Lautu ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို MDF မှ ဒရုန်းဖြင့် တိုက်ခိုက်

CDF-Lautu ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို MDF မှ ဒရုန်းဖြင့် တိုက်ခိုက်

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၅။

CDF-Lautu ထိန်းချုပ်နယ်မြေ မတူပီမြို့နယ်၊ ရွာမန်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် စာသင်ကျောင်းကို မရာလဲန်း ကာကွယ်ရေးတပ် MDF မှ ဇန်နဝါရီလ ၂၂ရက်နေ့ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်(လောက်တူ) တာဝန်ရှိသူထံက သိရှိရသည်။

MDF မှ CDF- Lautu ထိန်းချုပ်နယ်မြေဖြစ်သည့် ရွာမန်းကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၂ရက်နေ့ထိ ၅ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းနှင့် ဘုရားကျောင်းအပါအဝင် ကျေးရွာအတွင်း ၂၁ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာမန်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ဆောင်နှင့် စာသင်ကျောင်းတစ်ဆောင် ပျက်ဆီးခဲ့ကြောင်း သိရသည်။

MDF နှင့် CDF- Lautu အကြား ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ကတည်းက စစ်ရေးတင်းမာနေခြင်းဖြစ်ပြီး အပြန်အလှန် ထိတွေ့မှုလည်းရှိခဲ့ကြောင်း သိရသည်။

သတင်း- ဆလိုင်းခူသေ့

Leave a Reply

Your email address will not be published. Required fields are marked *