ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်

ဇန်နဝါရီလ၂၅ရက်၊ ၂၀၂၅။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားနေအိမ်၊ ဆေးဆိုင်နှင့် ဈေးဆိုင်ခန်းတချို့ ပျက်စီးမှုရှိကြောင်း မတူပီမြို့ခံအမျိုးတစ်ဦးမှ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖုန်းဆက်ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် မတူပီမြို့၊ ခိုဘွေရပ်ကွက်ရှိ လွတ်လပ်ရေး ကျောက်တိုင်အနီးတွင် ကျရောက်ပေါက်ကွဲသောကြောင့် အရပ်သားနေအိမ် ၁၀ အိမ်၊ ဆေးဆိုင်နှင့် ကုန်ပစ္စည်းဆိုင်တချို့ ပျက်စီးသွားပြီး အရပ်သားထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

“လေယာဉ်လာပြီးတော့ ဗုံကြဲတာ ၃၊ ၄ ကြိမ် အကျယ်ကြီးကြားရတယ်။ အဲဒီအနားမှာရှိတဲ့ လူနေအိမ်နဲ့ ရုံး၊ ဆေးဆိုင်၊ ဈေးဆိုင်တွေ ပျက်စီးသွားတယ်။ လူတွေတော့ဘာမှမဖြစ်ဘူး…” ဟု မတူပီမြို့ခံ အသက် ၃၈ နှစ် အရွယ် အမျိုးသမီးတစ်ဦးမှ ပြောသည်။

ချင်းပြည်နယ်၊ မတူပီမြို့နှင့် ဆမီးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဇန်နဝါရီလအတွင်းတွင် ပြုလုပ်လာနေသည်ကို ဒေသခံသတင်းအရင်းမှ သိရသည်။

သတင်း – James Roe

 

Leave a Reply

Your email address will not be published. Required fields are marked *