Mindat University Students Union – MUSU က အသိပေးပန်ကြားချက်စာလွှာ ထုတ်ပြန်
ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၅။
Mindat University Students Union – MUSU က စာအမှတ် (၁/၂၀၂၅)ဖြင့် အဆင့်မြင့်ပညာရေး အပါအဝင် အခြား Online University များနှင့် ချိတ်ဆက်သင်ကြားနိုင်ရန် လိုအပ်နေသည့် Starlink နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ပါဝင်ကူညီပေးကြရန် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ပန်ကြားချက်စာလွှာ ထုတ်ပြန်ထားသည်ကို သိရသည်။
Mindat University Students Union – MUSU သည် စစ်ကောင်မှ အာဏာသိမ်းချိန်မှစ၍ မင်းတပ်မြို့သိမ်းသည်အထိ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူကာကွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့များတွင် လေးနှစ်တာ ကာလအတွင်း တက်ကြွစွာ လှုပ်ရှားကြသည့် အဖွဲ့ဖြစ်ပြီး အကြမ်းမဖက် အာဏာဖီဆန်မှု (Civil Disobedience Movement) နှင့် မြေပြင်တော်လှန်ရေးတွင် တစိုက်မတ်မတ် ပါဝင်အားထုတ်ခဲ့ကြကာ တက္ကသိုလ်ကျောင်း မပြီးသေးသူများနှင့် ၁၂ တန်း ဖြေဆိုထားပြီး ကျောင်းဆက်တက်ရန် လိုအပ်နေသည့် ညီငယ်၊ ညီမငယ် များစွာပါဝင်ကာ ဆက်လက်၍ ပညာသင်ကြားရန်အတွက် အားပေးရန်လိုအပ်နေသည်ကို သိရသည်။
ယခုအချိန်အတွင် မင်းတပ်တွင်စစ်ကောင်စီကင်းစင်သွားပြီဖြစ်၍ “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုသည့် အတိုင်း မင်းတပ်မြို့နယ်တွင် ပညာရေး အဓိက ဦးစားပေးရမည့်အချိန် ကျရောက်လာသည့်အတွက် လိုအပ်နေသည့် Starlink နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူနိုင်ရန် မိဘပြည်သူများ၊ ရပ်ဝေး၊ ရပ်နီးရှိ ကျောင်းသားဟောင်းများနှင့် ချင်းပြည်သူများ အနေဖြင့် ပါဝင်ကူညီပေးကြရန် လေးစားစွာ တိုက်တွန်းနှိုးဆော် ပန်ကြားထားသည်ကို သိရသည်။
ဆက်သွယ်လှူဒါန်းလိုပါက – +916009703245 သို့ လှူဒါန်းနိုင်ပါကြောင်း သိရသည်။
သတင်း – James Roe