မီဇိုရမ်ပြည်နယ် အိုက်ဇောပြည်သူ့ဆေးရုံးအတွက် မြန်မာနိုင်ငံသားများ စုပေါင်းသွေးလှူဒါန်းမှုပြုလုပ်

မီဇိုရမ်ပြည်နယ် အိုက်ဇောပြည်သူ့ဆေးရုံးအတွက် မြန်မာနိုင်ငံသားများ စုပေါင်းသွေးလှူဒါန်းမှုပြုလုပ်

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ ရှိ ပြည်သူ့ဆေးရုံကြီး Civil Hospital အတွက် Network for Unity Association (N.U.A) နှင့် Burmese Social Welfare Association (B.S.W.A) အဖွဲ့အစည်းများမှ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စုပေါင်းသွေးလှူဒါန်းမှုပြုလုပ်ကြောင်း သိရသည်။

အိုက်ဇောမြို့၊ ပြည်သူ့ဆေးရုံကြီး Civil Hospital တွင် အသုံးပြုရန်အတွက် မြန်မာယက္ကန်းသမား အများစုနေထိုင်နေသည့် ဇောင်းသွီရပ်ကွက် Community ခန်းမတွင် မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့က သွေး ၄၅ ယူနစ် ပေးလှူခဲ့ကြကြောင်း သိရသည်။

သွေးလှူဒါန်းမှုအစီအစဉ်တွင် အိုက်ဇောမြို့ ပြည်သူ့ဆေးရုံ သွေးဌာနမှ ဝန်ထမ်းများကိုယ်တိုင် လာရောက်ကာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခင်ကလည်း ယခုကဲ့သို့ စုပေါင်းသွေးလှူဒါန်းမှုများရှိခဲ့ကြောင်း သိရသည်။

သတင်း – James Roe

 

Leave a Reply

Your email address will not be published. Required fields are marked *