မီဇိုရမ်တွင် စစ်ရှောင်တစ်ဦး ကွယ်လွန်
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလက်ချောင်း ကွမ်းချောင်းဝကျေးရွာနေ ဦးဖြစ်ထွန်းနှင့် ဒေါ်ရီဟိုက်တို့၏ သားဖြစ်သူ မောင်ဖြစ်အောင် ၁၉ နှစ် သည် လောင်တလိုင်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ လ ၂၇ ရက် ည ၁၁ နာရီကျော်တွင် ခရစ်တော်၌အိပ်ပျော်သွားကြောင်း သတင်းရရှိသည်။
“မောင်ဖြစ်အောင်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ လောင်တလိုင်ခရိုင် LAIRAM ဆေးရုံမှာ ဆေးကုသမှုခံယူပြီးတော့ အဲဒီကနေတဆင့် လောင်တလိုင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ လွှဲပြောင်းပြီး ဆေးကုသမှုခံယူနေတုန်းမှာပဲ ဆုံးသွားတာပါ။ ဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်…” ဟု ပလက်ဝကောင်စီ၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာနမှူး ဆလိုင်းစိုးသန်းမှ ခူမီးမီဒီယာသို့ ပြောသည်။
ဦးဖြစ်ထွန်း၏ သားတစ်ဦးမှာ ချင်းအမျိုးသားတပ်မတော်တွင် တာဝန်ထမ်းဆောင်နေရင်း ထန်တလန်မြို့ သိမ်းတိုက်ပွဲတွင် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး သားငယ်ဖြစ်သူမှာလည်း ဆေးကုသခံယူနေရင်း ယခုလို ခရစ်တော်၌အိပ်ပျော်သွားကြောင်း သိရသည်။
သတင်း – James Roe
Photo by Salai Soe Than