ရဲဘော် ၄ ဦး ကျဆုံးကြောင်း CDF-KKG မှ သတင်းထုတ်ပြန်

ရဲဘော် ၄ ဦး ကျဆုံးကြောင်း CDF-KKG မှ သတင်းထုတ်ပြန်

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၅။

Chinland Defance Force – Kalay Kabaw Gangaw တပ်ရင်း ၆ တွင် တာဝန်ထမ်းဆောင်ရင်း ရဲဘော် ၄ ဦးသည် ကျဆုံးသွားကြောင်း ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကို သိရသည်။

CDF – KKGတပ်ရင်း ၆ မှ ဒုတပ်ရင်းမှူး ဇင်မင်းထွန်း၊ တပ်ခွဲမှူး နိုင်မင်းဟိန်း၊ ရဲဘော် အော်ကိုကိုလင်း (ခ) လပြည့် နှင့် ရဲဘော် စိုင်းမင်းထက်တို့သည် စစ်အာဏာရှင်စနစ်ပပျောက်ရေး၊ ပြည်သူလူထုကိုကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ကာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေရင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ ကျဆုံးခဲ့ကြကြောင်း CDF-KKG ကဖော်ပြသည်ကို သိရသည်။

သူတို့ လေးဦးသည် တပ်ရင်းအတွက် လိုအပ်သည့် ခဲယမ်းများရှာဖွေရန် အညာဒေသသို့  ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ထွက်သွားခြင်းဖြစ်ကာ မည်သည့်သတင်းအစနမရရှိတော့သလို ပြန်လည်၍ ရောက်ရှိလာခြင်းလည်း မရှိတော့သည့်အတွက် တပ်ဖွဲ့မှ တက်နိုင်သမျှ စုံစမ်းရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း ပြန်လည်မတွေ့ရှိရကြောင်းနှင့် ရုပ်အလောင်းများကိုလည်း ပြန်လည်မရရှိသောကြောင့် ယခုကဲ့သို့ ထွက်ခွာသွားသည့်နေ့ကို ကျဆုံးကြောင်းသတ်မှတ်ပြီး သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း  CDF-KKG တာဝန်ရှိသူမှ ပြောသည်။

ကျဆုံးရဲဘော်များ၏ တော်လှန်ရေးအတွက် ပေးဆပ်မှုအပေါ်  CDF-KKG မှ အထူးလေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မှတ်တမ်းထင်ဖော်ပြထားသည်ကို သိရသည်။

သတင်း – James Roe

 

Leave a Reply

Your email address will not be published. Required fields are marked *