ZORO မှ အိန္ဒိယဗဟိုအစိုးရ ချမှတ်ထားသည့် အမိန့်ထုတ်ပြန်ချက်မိတ္တူကို မီးရှို့ဖျက်ဆီး

ZORO မှ အိန္ဒိယဗဟိုအစိုးရ ချမှတ်ထားသည့် အမိန့်ထုတ်ပြန်ချက်မိတ္တူကို မီးရှို့ဖျက်ဆီး

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၅။

Zo Re-Unification Organization – ZORO သည် အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် (FMR) ဖျက်သိမ်းခြင်းနှင့် နယ်စပ်ခြံစည်းရိုးခတ်ခြင်း အမိန့်ထုတ်ပြန်စာ မိတ္တူများကို ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း မီဇိုရမ်ဒေသတွင်း သတင်းအရင်းအမြစ် DD News Mizoram မှ ဖော်ပြထားသည်ကို သိရသည်။

မီဇိုရမ်ပြည်နယ်ထဲတွင်ရှိသည့် အိုင်ဇောလ်မြို့၊ ကျန်ဖိုင်မြို့၊ ကော်လာစစ်မြို့၊ လုံးလေမြို့၊ ဆဲရ်ချိပ်စ်မြို့ ၊ မီမီဘုန်းရွာနှင့် ဗာဖိုင်းရွာတို့အပြင် မဏိပူရ်ပြည်နယ်မှ ခရိုင်နှစ်ခုဖြစ်သည့် တဲန်းနော်ပါလ် (Tengnopal) ခရိုင်နှင့် ချန်ဒဲလ် (Chandel ) ခရိုင်တို့တွင်လည်း အိန္ဒိယဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် (FMR) ဖျက်သိမ်းခြင်းနှင့် နယ်စပ်ခြံစည်းရိုးခတ်ခြင်း အစီအစဉ်ကို ကန့်ကွက်သည့် အမိန့်ထုတ်ပြန်ချက် မိတ္တူများကို ယနေ့တွင် ကန့်ကွက်မီးရှို့မှုပြုလုပ်ကြောင်း သိရသည်။

အိန္ဒိယဗဟိုအစိုးရအနေနှင့် ဒေသအသီးသီးတွင်ရှိသည့် ချင်း(ဇို) လူမျိုးများ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်ရှင်သန်လာသည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ZORO ဌာနချုပ်က ပြောဆိုထားသည်ကို သိရသည်။

Zo Reunification Organization – ZORO သည် ဗြိတိသျှအစိုးရနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် ဘင်္ဂလားဒေရှ့် -အိန္ဒိယ – မြန်မာ သုံးနိုင်ငံတွင် နေထိုင်ကြသည့် ချင်း (ဇို) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်း၍ အုပ်ချုပ်မှုတစ်ခုအောက်တွင် နေထိုင်ရန်လိုလားပြီး လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း – James Roe

 

 

Leave a Reply

Your email address will not be published. Required fields are marked *