နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာပြည်က ဒုက္ခသည်များကို တိုးမြှင့်ကူညီပေးရန် CHRO တောင်းဆို

နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာပြည်က ဒုက္ခသည်များကို တိုးမြှင့်ကူညီပေးရန် CHRO တောင်းဆို

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၅။

အမေရိကန် သမ္မတအသစ် Donal Trump က အမေရိကန်အစိုးရအနေနှင့် နိုင်ငံတကာကူညီထောက်ပံ့မှု အစီအစဉ်များဆိုင်းငံ့ကြောင်း လက်မှတ်ရေးထိုးပြီး ညွှန်ကြားချက်ထုတ်ပြန်သည့်အတွက် ဗြိတိန်၊ EU ၊ ကနေဒါ၊ ဩစတြေးလျနိုင်ငံ အပါအဝင် အနောက်နိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် တိုးမြှင့်ကူညီပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း CHRO မှတောင်းဆိုထားသည်ကို သိရသည်။

အမေရိကန်မှ နိုင်ငံတကာအကူအညီပေးရေး ဆိုင်းငံ့မှုသည် စစ်ကောင်စီ၏ ပြည်သူအပေါ် အကြမ်းဖက်မှု ပြင်းထန်လာခြင်းနှင့် စစ်ဘေးကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းများ၊ လွတ်မြောက်နယ်မြေများအတွင်း ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်ရေးကို ကြိုးပမ်းလုပ်ဆောင်ခြင်းများအတွက် နှောင့်နှေးစေသည်သာမက လိုအပ်သည့် အကူအညီများဆုံးရှုံးရန် ဖန်တီးသည့်လုပ်ငန်းဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်အတွင် စစ်အစိုးရ၏ အုပ်ချုပ်မှု လွတ်မြောက်သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးကဲ့သို့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များအတွက် ပြည်သူများသည် ကြိုးပမ်းအားထုတ်နေပြီး နိုင်ငံတကာမှ အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့မှုများ မရှိသောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း CHRO အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling က ပြောသည်။

စစ်ရာဇဝတ်မှုနှင့် စစ်ဘေးဒဏ်ကြောင့် ကြုံတွေ့ရသည့် ပြသနာများ၊ အကြမ်းဖက်မှုများ အပေါ် ကျူးလွန်သည့် သူများသည် တာဝန်ခံရမည်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတကာမှ လူ့အခွင့်အရေးကို ရှေးရှုကာ အရေးတကြီး ညှိနှိုင်းကူညီပေးရန်အတွက် CHRO မှ တိုက်တွန်းထားသည်ကို သိရသည်။

သတင်း – James Roe

 

Leave a Reply

Your email address will not be published. Required fields are marked *