မတူပီမြို့တွင် ကားလမ်းများအားလုံး ပြန်လည်ပိတ်ထား
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ မတူပီမြို့တွင် CDF-Matupi တပ်မဟာ ၁ မှ ပြည်ထောင်စုလမ်းမများနှင့် မြို့အဝင်/အတွက် ကားလမ်းများ အားလုံးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ ယနေ့အထိတိုင် ပြန်လည်၍ပိတ်ထားကြောင်း ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဒေသခံံံတစ်ဦးထံမှ သိရသည်။
ပြည်ထောင်စုလမ်းမများအပါအဝင် မတူပီမြို့ အဝင်/အထွက် ကားလမ်းများကို CDF-Matupi တပ်မဟာ ၁ မှ ယခင်ကပိတ်ထားခဲ့ရာမှ ဇန်နဝါရီလ ပထမအပတ်ထဲတွင် ပြန်လည်၍ဖွင့်ပေးကာ သွားလာခွင့်ပြုထားသော်လည်း ယခုရက်ပိုင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် အရပ်သားပြည်သူအိမ်များ၊ ဆေးဆိုင်၊ ဈေးဆိုင်များနှင့် အေအေစစ်ရေးရုံး တို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်အပြင် ကင်းထောက်လေယာဥ်များနှင့်လည်း အမြဲတမ်း စောင့်ကြည့်မူများ ပြုလုပ်နေသည့်အတွက် ကားလမ်းများကို ပြန်လည် ပိတ်ထားလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်၍ အလုံးစုံထိန်းချုပ်ထားသည်မှာ ၇ လ ရှိနေပြီဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ပြီးနယ်မြေလည်းဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း ရန်ကုန်နှင့် ပြည်မဘက်၊ ဇိုတုန်နယ်၊ မီဇိုရမ်ပြည်နယ် များသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင် ဒေသခံပြည်သူများသည်လည်း မတူပီသို့ ပြန်လာကြသူများ မရှိသေးကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
သတင်း – James Roe