ကလေးမြို့နယ် စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ကလေးမြို့နယ် စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာ စစ်ရှောင်စခန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင်  အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ  စစ်ဘေးရှောင် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ကိုးဦး အပိုင်းပိုင်းပြတ်၍သေဆုံးပြီး ၃၀ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်များမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကုက္ကိုလ်ရွာ စစ်ရှောင်စခန်းမှ ထိခိုက်ဒဏ်ရာရသူများထဲတွင် တချို့သည် စိုးရိမ်ဒဏ်ရာရရှိသူများရှိကာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာအခြေအနေကို ဆက်လက်စောင့်ကြည့်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် လက်ရှိတွင် စစ်ရေးရှုံးနိမ့်မှု များလာနေသည့်အတွက်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ် ထိန်းချုပ်နယ်မြေများ၊ အရပ်သားပြည်သူများနေထိုင်သည့် ရပ်ရွာ၊ စစ်ရှောင်စခန်များနှင့် နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်နေသည့် နေရာများတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ၊ လက်နက်ကြီးပစ်ကူများနှင့် ဒရုံးဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြပြီး အရပ်သားပြည်သူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားလာကြောင်း လူ့အခွင့်အရေး စောင့်ကြည်လေ့လာသူများအဖွဲ့နှင့် စစ်ရေး စောင့်ကြည့်လေ့လာသူများအဖွဲ့များမှသိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *