နိုင်ငံတဝှမ်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်ကြောင်း အကြမ်းဖက် စစ်ကောင်စီထုတ်ပြန်ကြေညာ

နိုင်ငံတဝှမ်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်ကြောင်း အကြမ်းဖက် စစ်ကောင်စီထုတ်ပြန်ကြေညာ

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အကြမ်းဖက် စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တာဝန်ထမ်းဆောင်ခွင့် ကာလ ၆ လ သက်တမ်းတိုးရန် စစ်တပ်အာဏာသိမ်းထားသည့် ၄ နှစ်ပြည့် မတိုင်မီ တစ်ရက်အလို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်တွင် ဆုံးဖြစ်ချက်ချမှတ်ကာ စာအမှတ်(၁/၂၀၂၅)ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ပြည်သူလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် သက်ဆိုင်ရာ အကြမ်းဖက် စစ်ကောင်စီ အကြီးအကဲများ တက်ရောက်ကြကာ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ နောက်ထပ် ၆ လ သက်တမ်းတိုးပေးရန် အာဏာသိမ်းစစ်ကောင်စီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တင်ပြခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အထူးဖိတ်ကြားထားသူများ ဆွေးနွေပြီး အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ကို သိရသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအစိုးရသည် ၂၀၂၀ ခုနှစ်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ သဘောဆန္ဒဖြင့် ထည့်ဝင်ထားသည့် မဲရလဒ်ကို မတရားပြုလုပ်ကာ မဲလိမ်၊ မဲခိုးကြောင်း အကြောင်းပြပြီး ပြည်သူ့အာဏာကို သိမ်းယူကာ ပြည်သူများအပေါ်တွင် အကြမ်းဖက်သည့် လုပ်ရပ်များ၊ ဖမ်းဆီးထောင်ချ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းများ၊ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ စသည့်လုပ်ရပ်များကို ကျူးလွန်နေပြီး အာဏာသိမ်းပြီးနောက် အရေးပေါ်ကာလ တစ်နှစ် သတ်မှတ်အုပ်ချုပ်ခဲ့ပြီး ခြောက်လတစ်ကြိမ် သက်တမ်းတိုးလာခဲ့ရာမှာ ဒီတစ်ကြိမ်နှင့်ဆိုလျှင် ၇ ကြိမ်ရှိသွားပြီ ဖြစ်သည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *