ကြားကာလ ပြည်သူ့အခြေပြုကျောင်းများတွင် အခန်းဆုံး စစ်ဆေးအကဲဖြတ်ခြင်း ပြုလုပ်မည်
ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၅။
ပလက်ဝကောင်စီ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကြားကာလ ပြည်သူ့အခြေပြုကျောင်းများ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့် KG မှ အခြေခံပညာ အထက်တန်းအဆင့် Grade – 11 အထိ ဒုတိယနှစ်ဝတ်ဆုံး (အတန်းတင်) အခန်းဆုံး စစ်ဆေးအကဲဖြတ်ခြင်း ပြုလုပ်မည်ဟု သိရသည်။
တာဝန်ခံကျောင်းအုပ်နှင့် သင်ကြားရေး ဆရာ/ မများသည် မိမိတို့ဘာသာရပ်အလိုက် မူအောက်ဆင့် KG မှ Grade – 2 ကို နှုတ်မေး နှုတ်ဖြေ၊ မူထက်ဆင့် Grade – 3 မှ Grade – 5 အထိ ပေးမှတ် ၅၀ မှတ်၊ လယ်ဆင့်နှင့် ထက်ဆင့် Grade 6 မှ Grade – 11 အထိ ပေးမှတ် ၁၀၀ မှတ်အပေါ် အခြေခံပြီး စစ်ဆေးအကဲဖြတ်သွားမည်ဟု သိရသည်။
ပလက်ဝကောင်စီ၊ ပညာရေးဘုတ်အဖွဲ့ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် ကြားကာလ ပြည်သူ့အခြေပြု ကျောင်းပေါင်း ၁၁၉ ကျောင်းဖွင့်လှစ်ကာ ကျောင်းသား ၄၀၂၂ ဦး နှင့် ကျောင်းသူ ၄၁၂၆ ဦး၊ စုစုပေါင်း ၈၁၄၇ ဦး ရှိပြီး ဆရာ ၂၉၀ ဦးနှင့် ဆရာမ ၂၅၇ ဦး စုစုပေါင်း ဆရာ/မ ၅၄၇ ဦး ရှိကြောင်း သိရသည်။
ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ ပြည်သူ့အခြေပြုကျောင်းများတွင် လက်ရှိပညာသင်ကြားနေသော ကျောင်းသူ/သား ရှစ်ထောင်ကျော်အတွက် သင်ကြားရေး ဆရာ/မများ မလုံလောက်ခြင်းနှင့် ဆရာ/မများအတွက် ထောက်ပံ့ကြေး မပေးနိုင်သည့်အပြင် ကျောင်းသုံး စာရေးကိရိယာများ လုံလောက်မှုမရှိသည့် စိန်ခေါ်မှုအခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
သတင်း – James Roe