ဆေးကုသစရိတ် အရေးပေါ်လိုအပ်နေ
ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပေါင်းမိုကျေးရွာမှ အိုက်အေဒီထွန်းသည် မလေးရှားနိုင်ငံ ဒူးရင်းခြံတွင် အလုပ်လုပ်ရင်း လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်မောင်းဒါဏ်ရာရရှိကာ Khuala Lipis ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ဆေးကုသစရိတ် အရေးပေါ်လိုအပ်နေကြောင်း Paletwa Khumi Community – Malaysia (PKC) မှ သိရသည်။
အိုက်အေဒီထွန်းသည် မလေးရှားနိုင်ငံ ဒူးရင်းခြံတစ်ခုတွင် အလုပ်လုပ်ရင်း လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်မောင်းဒါဏ်ရာရထားပြီး Khuala Lipis ဆေးရုံ၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဆေးကုသမှု ခံယူနေရကာ ဆေးကုသစရိတ် RM 11,000 ကို ဆေးရုံကုန်ကျစရိတ်ရှင်းရန်အတွက် အခက်အခဲ ကြုံနေရပါသဖြင့် ဆေးရုံမှဆင်း၍ မရရှိသည့် အခြေအနေ ရှိနေသောကြောင့် ရွာသူရွာသား၊ ဆွေမျိုး၊ အသိမိတ်ဆွေများ ကူညီပေးနိုင်ပါရန် လူနာကိုယ်စား PKC မှ အကူအညီတောင်းခံထားသည်ကို သိရသည်။
အိုက်အေဒီထွန်း အတွက် ဆေးကုသစရိတ် လှူဒါန်းလိုပါက-
ph- 013 2234 902 (PKC) သို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းပါဝင်နိုင်ကြောင်း သိရသည်။
ဓါတ်ပုံ- Ai A Dee Tun ပုံ
သတင်း- James Roe