ကာကီစစ်ရှောင်စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါဖြစ်သည့် လူနာ ၁၁ ဦး ထပ်ထပ်မံတိုးလာ

ကာကီစစ်ရှောင်စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါဖြစ်သည့် လူနာ ၁၁ ဦး ထပ်မံတိုးလာ

ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာရှိ စစ်ရှောင်စခန်းအတွင်း ကလေးသူငယ်များအပါအဝင် လူကြီးတချို့သည် ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းမြန်ဆန်နေလျက်ရှိပြီး ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လူနာ ၁၁ ဦး ထပ်တိုးလာကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ရှောင်စခန်းအတွင်းတွင် ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါ ခံစားနေရသူ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကလေးသူငယ် ၁၃ ဦးနှင့် လူကြီး ၁၇ ဦး စုစုပေါင်း ၃၀ ဦး ရှိခဲ့ရာမှာ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကလေး ၇ ဦး လူကြီး ၄ ဦး အားလုံးစုစုပေါင်း ၄၁ ဦး အထိ ထပ်မံ၍တိုးလာနေကာ ပြန်လည်သက်လာသူများ မရှိသေးကြောင်း သိရသည်။

“ရောဂါကကူးစက်တာ တအားမြန်တယ်။ မနေ့ညကအထိတော့ ၃၀ ဦးလောက်ရှိပြီးတော့ ဒီနေ့ ၁၁ ယောက်ထပ်တိုးတယ်။ အားလုံး ၄၁ ဦး ဖြစ်နေပြီ။ တချို့ဆို အလေးသွားတဲ့အခါ သွေးတွေတောင်ပါတဲ့အထိ ရောဂါအခြေအနေက ပိုပိုဆိုးလာနေတယ်။ ဆေးဝါးအတွက် ကူညီပေးမယ့်အလှူရှင်မပေါ်သေးဘူး…” ဟု ကာကီစစ်ရှောင်စခန်း ကျန်းမာရေးတာဝန်ခံမှ ခူမီးမီဒီယာသို့ ဖုန်းဆက်ပြောသည်။

“ခဏနေကျရင် လောင်တလိုင်ကနေ ချင်းလူမျိုးဆရာမ ၂ယောက် ရောက်မယ်။ တစ်ယောက်က ဆေးကုသပေးပြီးတော့ ပြန်မယ်။ တစ်ယောက်ကတော့ ဒီမှာပဲ ဆေးကုသပေးဖို့ အထိုင်ချနေမယ်လို့ ပြောပါတယ်။ ဘယ်အဖွဲ့ကလဲတော့ တိတိကျကျမသိသေးဘူး။ မီဇိုရမ်မှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးတဲ့ NGO ဖွဲ့တစ်ခုကလို့ပဲတော့ ပြောတယ်။ ဆေးကော်မတီအစည်းအဝေးကိုလည်း ဒီနေ့ညနေ ၅နာရီ ခွဲ မှာပြုလုပ်ပြီးတော့ လူနာတွေဆေးကုသဖို့နဲ့ ဆရာမတွေအတွက် နေရာထိုင်ခင်တွေ စီစဉ်ပြီးပြီ။ ခုဆရာမနှစ်ယောက်ရောက်တာကို စောင့်နေတယ်…” ဟု ကာကီစစ်ရှောင်စခန်း တာဝန်ခံဥက္ကဌက ခူမီးမီဒီယာသို့ ဖုန်းဆက်ပြောသည်။

ယခုလို ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါ ခံစားနေရသည့် ကာကီစစ်ရှောင်ပြည်သူများအတွက် အရေးပေါ် ဆေးဝါးကုသရန်အတွက် အကူညီအထောက်အပံ့များ လိုအပ်နေကြောင်း သိရသည်။

ကာကီစစ်ရှောင်စခန်းအတွက် ဆေးဝါးစရိတ် လှူဒါန်းရန် –

+91 70852 90203, +91 96125 94809 သို့ တိုက်ရိုက်အဆက်အသွယ်လုပ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း – James Roe

Photo by Raiki Kaseaung
ပုံ – ကာကီစစ်ရှောင်စခန်း

Leave a Reply

Your email address will not be published. Required fields are marked *