အရှိုချင်းကာကွယ်ရေးတပ် ACDF မှ စစ်မှုထမ်းရန်ခေါ်ယူ
ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၅။
အရှိုချင်းကာကွယ်ရေးတပ် ACDF က အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းအတွက် တပ်သားသစ်များကို ခေါ်ယူနေကြောင်း သိရသည်။
ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) တွင် စစ်သင်တန်း တက်ရောက်မည့်သူများသည် စစ်အာဏာရှင်ကို ရွံမုန်း၍ ဖက်ဒရယ် ဒီမိုကရေစီကို လိုလားသူ ဖြစ်ကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး အခြေခံစစ်ပညာသင်တန်း ၃ လ တက်ရောက်ပြီးနောက်တွင် အနည်းဆုံး ၄ နှစ် သို့မဟုတ် စစ်အာဏာရှင် ကျဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
ထို့အပြင် စစ်သင်တန်းဆင်းပြီးနောက်တွင် ပေးအပ်လာသည့် အမိန့်နှင့် စစ်ရေးတာဝန်ကို ရဲရင့်ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်ကာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရည်ရှိသူဖြစ်ရမည်ဟု အရှိုချင်းကာကွယ်ရေးတပ် ACDF က ထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe