ဆမီးမြို့ အမှတ် ၁ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ အမှတ် ၁ ရပ်ကွက် ဈေးတန်းရှိရာ ယမန်နေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင် တွင် မီးလောင်မှုဖြစ်ပွားကြောင်း ကနဦး သတင်းရရှိသည်။
ဆမီးမြို့ အမှတ် ၁ ရပ်ကွက် ဈေးတန်းရှိ ဓါတ်ဆီရောင်းနေသည့် ဆိုင်တစ်ဆိုင်မှ စတင်၍ လောင်ကျွမ်းရာမှတဆင့် လူနေအိမ် ၁၆ လုံး မီးလောင်ပျက်စီး ဆုံးရှုံးသွားကြောင်း ဆမီးမြို့ ဒေသခံတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
“မနေ့က ဆမီးမှာ ကလေးမီးဆော့ရာကနေ မီးလောင်တယ်။ အိမ် ၁၆ လုံး လောင်သွားတယ်…” ဟု ဆမီးမြို့ ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
မီးလောင်မှုဖြစ်ပွားရခြင်း အသေးစိတ် အကြောင်းအရာနှင့် ပျက်စီးနစ်နာဆုံးရှုံးမှုများကို လက်ရှိတွင် အတည်ပြု၍မရသေးပေ။
သတင်း – James Roe