မတူပီမြို့နယ် CDM ကော်မတီ မှ တော်လှန်​ရေး (၄) နှစ်ပြည့်သ​ဘောထားထုတ်ပြန်

မတူပီမြို့နယ် CDM ကော်မတီ မှ တော်လှန်​ရေး (၄) နှစ်ပြည့်သ​ဘောထားထုတ်ပြန်

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် CDM ကော်မတီမှ တော်လှန်​ရေး (၄) နှစ်ပြည့် အထိမ်းအမှတ်အနေနှင့် ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သ​ဘောထားထုတ်ပြန်ထားသည်ကို သိရသည်။

ချင်းတိုင်းရင်းသားများသည် စစ်‌ကောင်စီမှ အာဏာသိမ်းချိန်မှစ၍ လေးနှစ်ပြည့်သည်အထိ အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ခဲ့ပြီး သပိတ်မှောက်ဆန္ဒဖော်ထုက်ခြင်း၊ CDM ပြုလုပ်ခြင်းနှင့် လက်နက်စွဲကိုင် တော်လှန်တိုက်ပွဲဝင်နေလျက်ရှိကာ ယနေ့အချိန်အထိ ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးတွင် CDM ပါဝင်မှု ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

မတူပီမြို့နယ်ရှိ CDMers များသည် ဖဲကြိုးနီ (Red Ribbon) လှုပ်ရှားမှုဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ CDM လုပ်ဆောင်ခြင်း၊ ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ခြင်းနှင့် စစ်ကောင်စီတပ်က အကြမ်းဖက်နှိမ်နှင့်လာချိန်တွင် ပျောက်ကျားစနစ်ဖြင့် ဆန္ဒထုတ်ဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဤထုတ်ပြန်ချက်တွင် အနာဂတ်မြန်မာနိုင်ငံအား တန်းတူမှုကိုအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အဖြစ်တည်ထောင်ရန်၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ကာကွယ်ရေးတာဝန်ကို ကျော်လွန်၍ နိုင်ငံရေးစွက်ဖက်မှုပြုလုပ်ခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဘုံရည်မှန်းချက်တူညီသည့် တော်လှန်ရေးအစုအဖွဲ့ အားလုံးနှင့် ချိတ်ဆက်ကာ တော်လှန်ရေးအောင်မြင်သည်အထိ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း မတူပီမြို့နယ် CDM ကော်မတီမှ ထုတ်ပြန်ထားသည်ကို သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် CDM လှုပ်ရှားမှုတွင် မတူပီမြို့နယ်၊ ဌာနပေါင်း ၃၄ ခုမှ ဝန်ထမ်း ၁၆၇၂ ဦးနှင့် မြို့နယ်ပြင်ပရှိ ဌာနပေါင်းစုံမှ ဝန်ထမ်းများလည်း အတူပါဝင်လျက်ရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *