ထန်တလန်မြို့နယ် ဗန်ဘိုင်း Vambai ကျေးရွာတွင် နေအိမ် ၅ လုံး မီးလောင်ပြာကျ

ထန်တလန်မြို့နယ် ဗန်ဘိုင်း Vambai ကျေးရွာတွင် နေအိမ် ၅ လုံး မီးလောင်ပြာကျ

ဖော်ဖော်ဝါရီလ ၈ ရက်၊ ၂၀၂၅

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဗန်ဘိုင်း Vambai ကျေးရွာတွင် ယနေ့မနက် ဖေဖော်ဝါရီလ ၈ ရက် ၁ နာရီ ၄၀ မိနစ်ဝန်းကျင် မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ် ၅ လုံး မီးလောင်ပြာကျသွားကြောင်း သိရသည်။

ဗမ်ဘိုင်းကျေးရွာ၊ ဘုရားကျောင်းရက်ကွက်ရှိ နေအိမ်တစ်ခုမှ ဝက်စာချက်သည့်မီးဖိုမှ ကြွင်းကျန်သည့်မီးစဖြင့် စတင်လောင်ကျွမ်းရာ တစ်အိမ်ပြီးတစ်အိမ် ကူးစက်လောင်ကျွမ်းမှု မြန်ဆန်သည့်အတွက်ကြောင့် အိမ်ထဲတွင်ရှိသည့် ပစ္စည်းများ ရွှေ့ပြောင်းချိန်မရလိုက်ပဲ မီးထဲတွင်ပါသွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဦးဟရန်ထီးယိုး Pu Hrang Thio, ဦးဗျက်မွှန် Pi Biak Hmun, ဦးရာလ်ကိမ်း Pu Ral Kim, ဦးရမ်ဟဲး Pu Ram Hei နှင့် ဦးဗန်ကျဲအို Pu Van Ceu တို့ နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဗန်ဘိုင်း Vambai ကျေးရွာတွင် အိမ်ခြေ ၈၀ ကျော်၊ လူဦးရေ ၅၀၀ ဝန်းကျင်ခန့် ရှိပြီး ဟားခါးနှင့် ထန်တလန်မှ စစ်ဘေးရှောင်လာသည့် အိမ်ခြေ ၆၀ ၊ လူဦးရေ ၂၅၀ ခန့်လည်း နေထိုင်ကြကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *