မတူပီမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ထပ်မံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် မတူပီမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။
မတူပီမြို့မှ ဟားခါး ဘက်ကို သွားသည့်လမ်းဖြစ်သည့် မတူပီ – ဖနိုင်ရွာကြားရှိ ခလရ ၁၄၀ ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိမရှိကိုမူ မသိရှိရသေးပေ။
အကြမ်းဖက် စစ်ကောင်စီတပ်သည် မတူပီမြို့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် လေကြောင်းဖြင့်ဗုံးကြဲခဲ့ပြီးနောက် ယနေ့တွင်လည်း ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်လာသည်ကို သိရသည်။
သတင်း – James Roe